International Celebrity: ဗင်းနစ်ရုပ်ရှင်ပွဲတော်ရောက် အမ်မာစတုန်းရဲ့ တင့်တယ်တဲ့အလှ

တောက်ပတဲ့အပြုံးတွေနဲ့လည်း တန်ဆာဆင်ထားပါသေးတယ်။

play

 

၇၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ သြဂုတ် ၃၁ ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်အဖွင့်ကိုတော့ အမ်မာစတုန်းနဲ့ ရွိုင်ယန်ဂေါ့စလင်းတို့ရဲ့ La La Land ဇာတ်ကားနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

play

 

အမ်မာစတုန်းကိုတော့ Atelier Versace လေးနဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။ ပြိုးပြက်လင်းလက်နေတဲ့ ဂါဝန်လေးနဲ့အတူ အမ်မာစတုန်းကိုလည်း တောက်ပတင့်တယ်စွာ မြင်ရမှာပါ။ အသက် ၂၇ နှစ်အရွယ် မင်းသမီးလေးက သူမရဲ့အပြုံးတွေနဲ့လည်း တန်ဆာဆင်ထားပါသေးတယ်။

play

 

La La Land ဇာတ်ကားကို ဒီဇင်ဘာမှာ စတင်ပြသမှာဖြစ်ပါတယ်။

Source : Variety

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ