International Celebrity: ပိုက်ဆံမပါတဲ့ ဂျက်စတင်ဘီဘာကို ပရိသတ်တစ်ဦးက နေ့လယ်စာဝယ်ကျွေးလိုက်ရ

ဂျက်စတင်ဘီဘာက သီးသန့်နေချင်ပေမဲ့လည်း ပရိသတ်ကတော့ သူ့ကို မကူညီဘဲ မနေနိုင်ပါဘူး။

play

 

ဂျက်စတင်ဘီဘာဟာ ဟောလိဝုဒ်မှာရှိတဲ့ Sunset Boulevard က ဆင်းဒွတ်ခ်ျဆိုင်မှာ မုန့်ဝင်ဝယ်တာပါ။

သူ့ရဲ့ချစ်သူသစ်လေး ဆိုဖီယာရစ်ချီက ကားထဲမှာ စောင့်နေချိန်မှာ ဂျေဘီက ဆင်းဒွတ်ခ်ျ၊ နွားနို့ဘူး ၄ ဘူးနဲ့ ကွတ်ကီးတချို့ဝယ်ပြီးတဲ့နောက် ပိုက်ဆံပေးဖို့လုပ်ရာမှာ သူ့ရဲ့ကတ်က အလုပ်မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

play

 

ဂျေဘီကို အကာအကွယ်ပေးဖို့အတွက် ဆိုင်ထဲမှာ ဘော်ဒီဂတ်တွေလည်း ရှိပေမဲ့ ဘေးမှာရပ်နေသူတစ်ယောက်က ဂျေဘီ့ရဲ့ကျသင့်ငွေကို ရှင်းသွားပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီလိုအဖြစ်အပျက်မျိုး အဒဲလ်မှာလည်း ဖြစ်ဖူးပါတယ်။ H&M ဆိုင်ခွဲတစ်ခုမှာ သူမရဲ့ကတ်ကို သုံးမရခဲ့ဘူးလို့ အဒဲလ်က ဝန်ခံခဲ့ဖူးပါတယ်။

play

 

"H&M ကိုသွားတာ အဆင်မပြေခဲ့ဘူး။ ဒါပေမဲ့ ကျွန်မမှန်း ဘယ်သူမှ မသိကြတဲ့အတွက် ဒီအတိုင်းပဲ ပြန်ထွက်လာလိုက်တယ်" လို့ အဒဲလ်က ဆိုခဲ့ဖူးပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ