International Celebrity: ကလိုဝီမိုရက်စ်နဲ့ ဘရွတ်ကလင်းဘက်ခမ်းတို့ ပြတ်သွားကြပြီ

သီတင်းပတ်အနည်းငယ်ကြာပြီဖြစ်ပေမဲ့ ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။

play

 

ဘရွတ်ကလင်းက မိသားစုနဲ့အတူ လော့ဆန်းဂျလိစ်မှာ ရှိနေချိန်မှာ သူတို့နှစ်ယောက် ကွဲသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့သားကြီး ဘရွတ်ကလင်းနဲ့ ဟောလိဝုဒ်မင်းသမီး ကလိုဝီဂရေ့စ်မိုရက်စ်တို့ဟာ ၂၀၁၄ ခုနှစ်က ခဏတာ တွဲခဲ့ဖူးကြပြီး ဒီနှစ်အစောပိုင်းမှာမှ ပြန်တွဲခဲ့ကြတာပါ။

သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ကြောင်း မေလတုန်းက လူသိရှင်ကြားအသိပေးခဲ့ပြီးနောက် သူတို့ချစ်သူနှစ်ဦးရဲ့ပုံတွေကို မကြာခဏဆိုသလို ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိပါတယ်။

play

 

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အင်စတာဂရမ်မှာ သြဂုတ်လ ၂ ရက်က ကလိုဝီမိုရက်စ်တင်တဲ့ သူတို့နှစ်ယောက်ရဲ့ခြေထောက်ပုံလေးတွေက နောက်ဆုံးပဲဖြစ်ပါတယ်။

တကယ်တော့ သူတို့နှစ်ယောက် အတူနေကြဖို့တောင် စီစဉ်နေပြီလို့ ထင်ခဲ့ကြတာပါ။

play

 

ဗန်းနစ်ကမ်းခြေမှာ ပေါင် ၆ သန်းတန် အိမ်တစ်လုံးကို တွေ့ထားတယ်လို့ သတင်းပေးတစ်ဦးက ပြောခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက် အခုလို ကွဲသွားတာက ခဏတာ စိတ်အခန့်မသင့်ဖြစ်တာပဲလား ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ