International Celebrity: မင်းသားကြီး ဂျက်ကီချန်း တစ်သက်တာအောင်မြင်မှု အော်စကာဂုဏ်ပြုဆုရရှိ

, updated

ဂျက်ကီချန်းဟာ ရုပ်ရှင်နယ်ပယ်မှာ တစ်သက်တာ ပါဝင်ခဲ့ပြီး အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ အနေဖြင့် အော်စကာဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

play

 

ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းကို တစ်သက်တာအောင်မြင်မှု အော်စကာဆု ချီးမြှင့်သွားမှာဖြစ်ကြောင်း Academy of Motion Picture Arts and Sciences က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

play


အသက် ၆၂ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီး ဂျက်ကီချန်းဟာ 'The Karate Kid'၊ 'Rush Hour' နဲ့ 'Kung Fu Panda' တို့လို ဟောလိဝုဒ်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ပရိသတ်အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

play


ဂျက်ကီချန်းဟာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဖရီဒါရစ်ခ် ဝိုက်စ်မန်း၊ ဗြိတိသျှ ရုပ်ရှင်တည်းဖြတ်သူ အန်းဗီကုတ်စ်နဲ့ ဒါရိုက်တာ လင်းစတောလ်မာစတာတို့နဲ့အတူ 2016 Governors Awards ဆု ဂုဏ်ပြုချီးမြှင့်ခံရပါတယ်။

ဂျက်ကီချန်းနဲ့ အဆိုပါ ရုပ်ရှင်ပညာရှင်တွေဟာ ရုပ်ရှင်နယ်ပယ်မှာ တစ်သက်တာ ပါဝင်ခဲ့ပြီး အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ အနေဖြင့် အော်စကာဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

play


တစ်သက်တာအောင်မြင်မှု အော်စကာဂုဏ်ပြုဆုပေးပွဲကို လာမယ့် နိုဝင်ဘာလအတွင်း လော့စ်အိန်ဂျလိစ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဂျက်ကီချန်းဟာ အသက် ၈ နှစ်အရွယ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


တစ်ခါတစ်ရံ ဇာတ်ညွန်းရေးသူနဲ့ ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ဟောင်ကောင်အက်ရှင်ဇာတ်ကား ၃၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဂျက်ကီချန်းဟာ အော်စကာဆု ရရှိခဲ့ဖူးခြင်း မရှိပါဘူး။

အော်စကာဂုဏ်ပြုဆု ချီးမြှင့်ခံသူတွေဟာ ရုပ်ရှင်အနုပညာနယ်ပယ်ရဲ့ ရှေ့ဆောင်များနဲ့ အထင်ကရ ပုဂ္ဂိုလ်များဖြစ်ကြောင်း အော်စကာဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ