International Celebrity: ဂျနီဖာလောရင့်စ်ရဲ့ အဝတ်မဲ့ပုံတွေကိုအွန်လိုင်းမှာဖြန့်တဲ့ဟက်ကာ ထောင်ကိုးလကျ

သူမရဲ့ အဝတ်ဗလာပုံတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ရပါတယ်။

play

 

ဆယ်လီတွေရဲ့အကောင့်တွေကိုဟက်ပြီး ပုံတွေကိုအွန်လိုင်းမှာဖြန့်ခဲ့တဲ့ ဟက်ကာကို ထောင်ဒဏ် ၉ လ ကျခံစေဖို့ လော့စ်အန်ဂျလိစ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

အက်ဒ်ဝပ် မဂျာဆစ်ဆိုသူ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှ ၂၀၁၄ ခုနှစ် သြဂုတ်လအကြား အီးမေးလ်နဲ့အွန်လိုင်းအကောင့်ပေါင်း ၃၀၀ ကို ဟက်ခဲ့တာဖြစ်ပါတယ်။

play

 

အဟက်ခံရတဲ့အထဲမှာ ဂျနီဖာလောရင့်စ်၊ ကိတ်အပ်ပ်တန်အပါအဝင် ဆယ်လီအယောက် ၁၀၀ လောက်လည်း ပါဝင်နေခဲ့ပါတယ်။ သူက ဆယ်လီတွေဆီကို အွန်လိုင်းလုံခြုံရေးအရ အီးမေးလ်လိပ်စာနဲ့ လျှို့ဝှက်နံပါတ်တွေကို ဖြည့်ပေးဖို့ မေးလ်တောင်းခံခဲ့တာပါ။ ဟက်ကာမှန်းမသိဘဲ ဝက်ဘ်ဆိုက်လိုအပ်ချက်အမှတ်နဲ့ ဖြည့်ပေးခဲ့သူတွေရဲ့အကောင့်တွေကို အက်ဒ်ဝပ်က ဟက်ခဲ့တာဖြစ်ပါတယ်။

play

 

ဂျနီဖာလောရင့်စ်ရဲ့iCloud အကောင့်လည်း အဟက်ခံရတဲ့ထဲ ပါသွားခဲ့ပြီး သူမရဲ့ အဝတ်ဗလာပုံတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ