International Celebrity: ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ကိုယ့်ဂါဝန်ကိုယ်တက်နင်းပြီး ချော်လဲသွားတဲ့ ကိုရီးယားမင်းသမီး

မွန်ဆိုရီရဲ့အဖြစ်က သနားစရာကောင်းပါတယ်။

play

 

ကင်မရာတွေအများကြီးရှိတဲ့ ကော်ဇောနီပေါ်မှာ မှောက်လျက်ကြီး လဲကျတယ်ဆိုတာ အိပ်မက်ဆိုရင်တောင် အိပ်မက်ဆိုးတစ်ခုပါပဲ။

play

 

အဲဒီအိပ်မက်ဆိုးကို ဗင်းနစ်ရုပ်ရှင်ပွဲရဲ့ဂျူရီ မွန်ဆိုရီဟာ လူတွေအများကြီးရှေ့မှာ ဖြစ်သွားခဲ့ရရှာတာပါ။

play

 

ကျက်သရေရှိလှတဲ့ မြစိမ်းရောင် ဂါဝန်ရှည်ကြီး ဝတ်ထားတဲ့ တောင်ကိုရီးယားမင်းသမီးဟာ လူမြင်ကွင်းရှေ့မှာ လက်လွတ်ခြေလွတ်ကြီး လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

play

 

စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ The Light Between Two Ocean ဇာတ်ကားအထူးပွဲက ကင်မရာများစွာရှေ့မှာ ဒူးထောက်လျက် လဲကျသွားခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် မွန်ဆိုရီကို သူငယ်ချင်းနှစ်ယောက်က ဝိုင်းထူပေးခဲ့ကြပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ