International Celebrity: သမီးငယ်ရဲ့ပွဲဦးထွက်ရုပ်ရှင်ကို လူစုံတက်စုံ ချီတက်အားပေးကြတဲ့ စင်ဒီကရော့ဖို့ဒ်တို့မိသားစု

မော်ဒယ်အဖြစ်နဲ့နာမည်ရလာရုံသာမက သရုပ်ဆောင်အလုပ်ပါစတင်လိုက်ပါတယ်။

play

 

မော်ဒယ်ကြီး စင်ဒီကရော့ဖို့ဒ်မှာ သူမရဲ့ခြေရာကို အမီလိုက်မယ့် ရင်သွေးနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ အသက် ၁၇ နှစ်အရွယ် သား ပရက်စလေနဲ့ အသက် ၁၄ နှစ်အရွယ် သမီး ကိုင်ရာတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်လုပ်နေကြပါပြီ။ သမီးငယ် ကိုင်ရာဂါဘာဆိုရင် ရုပ်ရှင်တောင်ရိုက်နေရပါပြီ။

play

 

ကိုင်ရာဂါဘာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကား Sister Cities ကို ဗုဒ္ဓဟူးနေ့က လော့စ်အန်ဂျလိစ်မှာ အထူးပွဲပြသခဲ့ပါတယ်။ သမီးအတွက် ဂုဏ်ယူဝမ်းမြောက်နေတဲ့ စင်ဒီကရော့ဖို့ဒ်က ခင်ပွန်းနဲ့သားကိုပါ အပါခေါ်ပြီး တက်ရောက်အားပေးခဲ့ကြပါတယ်။

play

 

Sister Cities ဇာတ်ကားမှာ ကိုင်ရာနဲ့အတူ ဂျက်ကီဝီဗာ၊ အဲလ်ဖရက် မိုလီနာ၊ စတာနာ ကတ်တစ်နဲ့ ဂျက်စ် ဝှစ်လာတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ