AD
AD
AD
play

 

ဂျနီဖာလိုးပက်စ်ဟာ ငါးနှစ်တာတွဲနေတဲ့ ရည်းစားနဲ့ ပြတ်သွားပြီး ရက်အနည်းငယ်အကြာမှာ ခင်ပွန်းဟောင်းဖြစ်သူ မာ့ခ်အန်တိုနီနဲ့ စတိတ်စင်ပေါ်မှာ သီချင်းအတူဆိုခဲ့တဲ့အတွက် ပရိသတ်အံ့သြခဲ့ကြပါသေးတယ်။

play

 

အသက် ၄၇ နှစ်အရွယ် အဆိုတော် မင်းသမီးဟာ သူမနဲ့ရွယ်တူဖြစ်တဲ့ ခင်ပွန်းဟောင်း လက်တင်အဆိုတော် မာ့ခ်နဲ့အတူတွဲပြီး သီချင်းဆိုရတာကို အရမ်းကျေနပ်တယ်လို့ ဝန်ခဲ့ခဲ့ပါတယ်။

play

 

အဲဒီလို ပြန်လည်ပေါင်းစည်းခြင်းက ထူးခြားမှုတစ်ခုပြုလုပ်ဖို့ စတင်ခြင်းဖြစ်ကြောင်းလည်း ဂျေလိုက ဖွင့်ဟခဲ့ပါတယ်။

"ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး အလုပ်တွဲလုပ်ဖို့ ဆွေးနွေးထားတယ်။ အခုလောလောဆယ်တော့ ကြေညာစရာမရှိသေးပါဘူး။ ဒါပေမဲ့ သိပ်မကြာတော့ပါဘူး" လို့ ဂျေလိုက ဆိုခဲ့ပါတယ်။

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD