International Celebrity: ရိုမီယိုက အသည်းတွေအများကြီးခွဲမယ့်သူလို့ ဆိုလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

သားဖြစ်သူ ရိုမီယိုရဲ့ အသက် ၁၄ နှစ်ပြည့်မွေးနေ့မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

သားသမီး ၄ ယောက်ရဲ့ ဖခင်ရတာကို ဂုဏ်ယူနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ သူ့သားသမီးတွေရဲ့ အဓိကအချိန်တွေမှာ ဂုဏ်ပြုစကားပြောဖို့ မမေ့မလျော့သူလည်း ဖြစ်ပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ဒုတိယမြောက်သား ရိုမီယိုရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ အင်စတာဂရမ်ကနေ ဓာတ်ပုံတစ်ပုံမျှဝေလိုက်ပါတယ်။

play

 

သားအဖနှစ်ယောက်အတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ရင်း "နောက်လာမယ့် နှစ်တွေမှာ အသည်းတွေအများကြီးခွဲမယ့်သူ" လို့ သူ့ရဲ့သားကို ဂုဏ်ယူစွာနဲ့ ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

"ဒီနေ့ ၁၄ နှစ်ပြည့်တဲ့ ကျွန်တော့်သားချောလေးအတွက်...နှလုံးသားလှပြီး အပြုံးလှတဲ့ ကောင်လေးက လာမယ့်နှစ်တွေမှာ အသည်းတွေ အများကြီးကို ခွဲတော့မယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ စူပါစတားလေး။ ချစ်တဲ့ ဒယ်ဒီ" လို့ ပုံအောက်မှာ စာရေးခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ