AD
AD
AD
play

 

ဟောလိဝုဒ်မင်းသမီး ကလိုဝီမိုရက်စ်နဲ့ ဒေးဗစ်ဘက်ခမ်းရဲ့သားကြီး ဘရွတ်ကလင်းဘက်ခမ်းတို့သာ သုံးလကြာ တရားဝင်တွဲခဲ့ပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က လူမသိသူမသိ ပြတ်သွားကြတာ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ယောက် ကွဲကြတဲ့အဓိကအကြောင်းရင်းက ကလိုဝီမိုရက်စ်က ဘရွတ်ကလင်းကို တွယ်ကပ်လွန်းလို့ သီတင်းတွေ ထွက်နေပြီး အဲဒီသတင်းအပေါ် ကလိုဝီမိုရက်စ်တစ်ယောက် ကျေနပ်ပုံမရပါဘူး။

play

 

သူမဟာ စင်တင်ဘာလ ၂ ရက်နေ့မှာ Deauville အမေရိကန်ရုပ်ရှင်ပွဲတော်ကို ပြုံးရွှင်တက်ကြွစွာတက်ရင်း ပျက်စီးသွားတဲ့ အချစ်ရေးအပေါ် ခံစားမနေရကြောင်း သက်သေပြလိုက်ပုံပါပဲ။

play

 

ခါတိုင်းထက် ပိုမိုမြူးကြွသွက်လက်နေတဲ့ ကလိုဝီဂရေ့စ်မိုရက်စ်ဟာ ပန်းပွင့်လေးတွေ ဖြန့်ထားတဲ့ ကျက်သရေရှိလှတဲ့ ဂါဝန်ရှည်ကြီးကို ဝတ်လို့ ကော်ဇောနီပေါ်ကို ယုံကြည်မှုအပြည့်ပါတဲ့ အပြုံးတွေနဲ့ လျှောက်လှမ်းလာခဲ့ပါတယ်။

play

 

အဲဒီပွဲမှာ သူမဟာ ဟောလိဝုဒ်အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရရှိသူတစ်ဦးအဖြစ်လည်း ဂုဏ်ပြုဆုအပ်နှင်းခံခဲ့ရပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD