International Celebrity: ပါးသိုင်းမွေးနဲ့ ဆက်စီပိုကျတဲ့ ဆယ်လီအမျိုးသား (၁၀) ဦး

, updated

ရင့်ကျက်ပြီး ခန့်ညားတဲ့အသွင်လည်း ပေါက်သွားပါတယ်။

play

 

ဒီနေ့ဟာ ကမ္ဘာ့ပါးသိုင်းမွေးနေ့ဖြစ်တဲ့အတွက် ပါးသိုင်းမွေးနဲ့ အမျိုးသားတွေကို သွားပြီး မြင်ယောင်မိပါတယ်။ အထူးသဖြင့် နူးညံ့တဲ့ပုံစံပေါက်တဲ့ အမျိုးသားတွေဟာ ပါးသိုင်းမွေးထားလိုက်ခြင်းအားဖြင့် တည်ကြည်ခံ့ညားတဲ့အသွင် ဆောင်သွားတတ်ကြတယ်။ တစ်ခါတလေမှာ ရုပ်ဆိုးသလို ထင်ရသူတောင် ပါးသိုင်းမွေးထားလိုက်တဲ့အခါ ကြည့်ကောင်းသွားတတ်ပြန်ပါတယ်။

ပါးသိုင်းမွေးနဲ့လိုက်တယ်လို့ ယူဆရတဲ့ ဆယ်လီအချို့ကို တင်ဆက်လိုက်ပါတယ်။

၁။ ရိုင်ယန်ဂေါ့စလင်း

play

 

The Notebook မင်းသားဟာ ပါးသိုင်းမွေးနဲ့ အလိုက်ဆုံးသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပါးသိုင်းမွေးထားလိုက်ချိန်မှာ သူ့ရဲ့မျက်လုံးတွေက ပိုပြီး ကြင်နာရိပ်သန်းသွားသလိုတောင် ထင်ရပါတယ်။

၂။ ဂျာရက်ဒ်လက်တို

play

 

Suicide Squad မင်းသားဟာ ပါးသိုင်းမွေးမထားခင်က မိန်းကလေးတစ်ယောက်လို ဖြစ်နေပါတယ်။ ဝမ်းနည်းစရာကောင်းတာက Suicide Squad ဇာတ်ကားထဲမှာ သူ့ရဲ့ယောက်ျားပီသတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာမဟုတ်ဘဲ ဂျိုကာတစ်ယောက်အသွင်နဲ့ သရုပ်ဆောင်ထားတာပါပဲ။

၃။ ကော်လင်ဖာရယ်လ်

play

 

အိုင်းရစ်မင်းသားကြီး ကော်လင်ဟာလည်း ပါးသိုင်းမွေးနဲ့ ခန့်ညားသူတစ်ဦးပါပဲ။

၎။ ဘရက်ပစ်

play

 

ဘရက်ပစ်ကတော့ ဘယ်လိုနေနေ ချောမောသူတစ်ယောက်ပါပဲ။

၅။ ဂျော့ဂ်ျကလွန်နီ

play

 

မင်းသားကြီး ဂျော့ဂ်ျကလွန်နီကလည်း အမြဲခန့်ညားလှသူဖြစ်ပါတယ်။ ဒါပေမဲ့ ပါးသိုင်းမွေးနဲ့ကျတော့လည်း မိန်းကလေးတွေကို ရင်ခုန်မှုတစ်မျိုး ပေးစွမ်းနိုင်သူပါ။

၆။ ဇေးမောလစ်ခ်

play

 

One Direction အဆိုတော်ဟောင်း ဇေးဟာ ပါးသိုင်းမွေးနဲ့ လိုက်ဖက်သူဆိုတာ ဘယ်သူမှ ငြင်းလိမ့်မယ် မထင်ပါဘူး။ အဲဒါကို သူကိုယ်တိုင်လည်း သိတဲ့အတွက် အမြဲတမ်း ပါးသိုင်းမွေးထားပါတယ်။

၇။ ဆမ်ကလပ်ဖလင်

play

 

အခုတလော မိန်းကလေးတွေ နှစ်ခြိုက်ကြတဲ့ Me Before You မင်းသားပါ။ အဲဒီဇာတ်ကားထဲမှာလည်း သူ့ကို ပါးသိုင်းမွေးနဲ့ရော ပါးသိုင်းမွေးရိတ်ထားပုံရော အားလုံးပဲ မြင်တွေ့နိုင်ပါတယ်။

၈။ ကာညေးဝက်စ်

play

 

မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာ ကာညေးဝက်စ်က လူချောစာရင်းမပါပေမဲ့ ဘာပဲပြောပြော ပါးသိုင်းမွေးနဲ့က နည်းနည်းပိုကြည့်ကောင်းသေးတယ်လို့ မထင်ဘူးလား။

၉။ ဇက်အက်ဖရွန်

play

 

သူလည်း ပါးသိုင်းမွေးနဲ့ လိုက်ဖက်သူပါပဲ။

၁၀။ ဟင်နရီကာဗဲလ်

play

 

အသက် ၃၃ နှစ်အရွယ် စူပါမန်း မင်းသားဟာလည်း ပါးသိုင်းမွေးမပါလည်း ကြည့်ကောင်းပေမဲ့ ပါးသိုင်းမွေးနဲ့ ပိုခန့်ညားတယ်လို့ ယူဆမိပါတယ်။

Photos : elle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ