International Celebrity: အသက် ၁၂ နှစ်အရွယ်နဲ့ တက္ကသိုလ်ကျောင်းသား ဖြစ်လာတဲ့ကောင်လေး

, updated

နယူးယော့ခ်မြို့ရှိ Cornell တက္ကသိုလ်မှာ အငယ်ဆုံးကျောင်းသားဖြစ်ပါတယ်။

play

 

အသက် ၁၂ နှစ်ဆိုတဲ့ ဆယ်ကျော်သက်ဘဝအစမှာ ကောင်လေးတွေက ဗီဒီယိုဂိမ်းတွေ၊ စက်ဘီးလျှောက်စီးတာတွေကိုသာ စိတ်ဝင်စားချိန်မှာတော့ ဂျာရမီရှူလာကတော့ တခြားကလေးတွေနဲ့ မတူခဲ့ပါဘူး။

play

 

ဂျာရမီရှူလာဟာ နယူးယော့ခ်မြို့ရှိ Cornell တက္ကသိုလ်မှာ ပထမနှစ်ကျောင်းသားအဖြစ် စတင်တက်ရောက်နေပြီဖြစ်ပြီး ယင်းကျောင်းရဲ့ အသက်အငယ်ဆုံးကျောင်းသားအဖြစ် စံချိန်တင်သွားခဲ့ပါပြီ။

အသက် ၂ နှစ်အရွယ်မှာတင် အင်္ဂလိပ်လိုနဲ့ ကိုရီးယားလို ရေးသားထားတဲ့ စာအုပ်တွေကို ဖတ်နိုင်ပြီဖြစ်တဲ့ ပါရမီရှင်လေးဟာ ၆ နှစ်အရွယ်မှာ သင်္ချာကောင်းကောင်းတွက်နိုင်နေပါပြီ။

play

 

အာကာသယာဉ်အင်ဂျင်နီယာ မိဘနှစ်ပါးက တက္ကဆက်မှာရှိတဲ့ သူတို့အိမ်မှာပဲ ဂျာရမီကို စာသင်ကြားပေးခဲ့ပြီး အသက် ၁၀ နှစ်အရွယ်မှာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ SAT level နဲ့ Advance Placment စာမေးပွဲရမှတ်တွေ အရ သူဟာ ကောလိပ်တက်လို့ရတဲ့ ဉာဏ်ရည်ရှိတယ်လို့ အဖြေထွက်နေပါတယ်။

သူဟာ အသက် ၅ နှစ်ကတည်းက Lord of the Rings ကို ဖတ်ခဲ့သူပါ။

play

 

"စာသင်ရတာ အခုထိတော့ လွယ်နေတုန်းပါပဲ။ ဒါပေမဲ့ မကြာခင်မှာ ခက်လာမယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်" လို့ ပထမနှစ်ကျောင်းသားလေး ဂျာရမီက ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ