International Celebrity: ဒုတိယအာနိုးအဖြစ် ပရိသတ်ရှေ့ရောက်လာတဲ့ အာနိုးရဲ့သား

အာနိုးရဲ့သား ဂျိုးဆက်ဘေနာဟာ ဖခင်နာမည်ကြီးခဲ့တဲ့ ၁၉၉၁ ခုနှစ်က ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို ပြန်ပြီးအသက်သွင်းတော ဖြစ်ပါတယ်။

play

 

အာနိုးရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ၁၉၉၁ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Terminator 2 ဇာတ်ကားထဲက လူကြိုက်များလှတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ပါတယ်။

စက်ရုပ်လူသားကြီးဟာ သေနတ်ကိုင်ထားတဲ့ ဘားမန်းတစ်ယောက်နဲ့ တွေ့ဆုံတဲ့ ဇာတ်ဝင်ခန်းကို အသက် ၁၈ နှစ်အရွယ် ဂျိုးဆက်က အာနိုးနေရာမှာသရုပ်ဆောင်ပြီး ပြန်ရိုက်ခဲ့တာပါ။

ဆိုင်ကယ်သမားတွေ ဝတ်တဲ့ လယ်သာဂျာကင်ကို ဝတ်ထားတဲ့ ဂျိုးဆက်ဟာ ဖခင်လိုပဲ ဥပတိရုပ်ရှိသူတစ်ယောက်ပါ။

play

 

တစ်မိနစ်ကျော်သာကြာတဲ့ ဗီဒီယိုလေးထဲမှာ ဘာစကားမှ မပြောပေမဲ့လည်း ဖခင်သရုပ်ဆောင်ခဲ့တဲ့အတိုင်း သရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

play

 

အသက် ၆၉ နှစ်အရွယ် မင်းသားကြီး အာနိုးဟာ မာရီရာရှရီဗာနဲ့ အိမ်ထောင်ကျစဉ်မှာ သူ့ရဲ့အိမ်တော်ထိန်းဟောင်း မိုင်းဒရက်ဘေနာနဲ့ ဂျိုးဆက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

သားအဖနှစ်ဦးရဲ့ ဆက်ဆံရေးကတော့ အဆင်ပြေလျက်ရှိပြီး မကြာသေးခင်ကပဲ ဗင်းနစ်ကမ်းခြေမှာ ဆိုင်ကယ်ကိုယ်စီနဲ့ သူတို့နှစ်ယောက်ကို မြင်တွေ့ခဲ့ရပါသေးတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ