International Celebrity: အဆိုကောင်းတဲ့ ဟာသမင်းသမီးချော အန်နာ

, updated

ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ဟာသဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ ကန်ဒရစ်က်ဟာ အနုပညာထူးချွန်ဆုတွေလည်း ရရှိထားပါတယ်။

play


သရုပ်ဆောင်လည်းကောင်း အဆိုလည်းကောင်းတဲ့ အမေရိကန် မင်းသမီးချောလေး အန်ဒါကန်ဒရစ်ဟာ ပေါ့တ်လန်းမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်ကတည်းက Broadway မှာ အနုပညာခြေလှမ်းတွေ စတင်ခဲ့သူဖြစ်ပါတယ်။

play


ဒါပေမဲ့ ၂၀၀၈ မှာမှ သူမကို Twilight ဇာတ်ကားရဲ့ ဇာတ်ပို့မင်းသမီးလေးအဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့တာပါ။ Twilight ဇာတ်ကားတိုင်းမှာ ဂျက်စီကာဆိုတဲ့ မင်းသမီးချော ခရစ္စတင် စတီးဝပ်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းမလေးအဖြစ် သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဟာသဇာတ်ကားလေးတွေမှာ ဆက်လက် ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

play


၂၀၁၂ မှာတော့ မင်းသားမင်းသမီးတွေ တော်တော်များများပါဝင်တဲ့ What to Expect When You're Expecting ကိုယ်ဝန်ဆောင်တွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးမှုကို စတင်ရရှိခဲ့ပါတယ်။

play


၂၀၁၂ မှာပဲ သူမကို အောင်မြင်မှု အကြီးမားဆုံး ရရှိစေခဲ့တာကတော့ Pitch Perfect လူငယ်ဂီတဟာသ ဇာတ်မြူးကားလေးမှာ ဘက်ကာဆိုတဲ့ ကောင်မလေးအဖြစ် အဓိက ပါဝင်သရုပ်ဆောင်ခဲ့ရာကနေပဲ ဖြစ်ပါတယ်။

play


၂၀၁၅ မှာလည်း Pitch Perfect 2 ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ထပ်မံရရှိခဲ့ကာ Mr. Right, Get a Job ဇာတ်ကားတွေနဲ့လည်း လူသိများခဲ့ပြန်ပါတယ်။

play


ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ဟာသဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ ကန်ဒရစ်က်ဟာ အနုပညာထူးချွန်ဆုတွေလည်း ရရှိထားပါတယ်။ ကန်ဒရစ် သီဆိုထားပြီး Pitch Perfect ဇာတ်ကားမှာပါဝင်တဲ့ Cups သီချင်းဟာလည်း သူမ ပြန်လည် သီဆိုပြီးနောက်ပိုင်းမှသာ လူသိများ ရေပန်းစားတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

play


ဒါရိုက်တာတစ်ဦးနဲ့ ၂၀၀၉ ကနေ ၂၀၁၃ အထိတွဲခုတ်ခဲ့တဲ့ သူမဟာ လက်ရှိမှာတော့ ဘယ်သူနဲ့မှ ချစ်ကြိုးသွယ်နေခြင်း မရှိသေးကြောင်း မီဒီယာတွေကဖော်ပြကြပါတယ်။ အဆိုတော် မင်းသမီးချော ကန်ဒရစ်ကို ၁၉၈၅ ခုနှစ် သြဂုတ် ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ