International Celebrity: ဗင်းနစ်ပွဲတော်ရောက် စတားလုံးရဲ့သမီးအချောအလှလေး

ဆစ်စတင်းက မော်ဒယ်အဖြစ်နဲ့လည်း ရပ်တည်နေသူပါ။

play

 

မင်းသားကြီး စတားလုံးရဲ့ သမီးတစ်ဦးဖြစ်တဲ့ ဆစ်စတင်းလေးဟာ လက်ရှိကျင်းပနေတဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်ကိုလည်း တက်ရောက်ခဲ့ပါတယ်။ လှပကျော့ရှင်းတဲ့ ဂါဝန်လေးကို ဝတ်လို့ပေါ့။

play

အသက် ၁၈ နှစ်အရွယ် ဆစ်စတင်းဟာ မော်ဒယ်တစ်ဦးပီပီ ခြေလှမ်းတိုင်းကိုလည်း လှလှပပ လျှောက်လှမ်းခဲ့လို့ အားလုံးရဲ့အကြည့်တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Hacksaw Ridge ဇာတ်ကားအထူးပွဲကို တက်ရောက်လာတဲ့ ဆစ်စတင်းက ကျောပြောင်ဂါဝန်လေးကို ဆံပင်တွေဖြန့်ချပြီး ယဉ်ယဉ်လေး လှနေခဲ့တာပါ။

play

ဆစ်စတင်းက IMG Models အေဂျင်စီနဲ့ စာချုပ်ချုပ်ထားတာကြောင့် အလုပ်ကိစ္စနဲ့ ဗင်းနစ်ကို တစ်ပတ်ကြာရောက်နေတာဖြစ်ကြောင်း သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ