နီကိုးရှာဇင်ဂါဟာ သူမရဲ့မျက်နှာကို ပြုပြင်ထားတယ်ဆိုတဲ့ ကောလာဟလကို ခါးခါးသီးသီးပဲ ငြင်းလိုက်ပါတယ်။
Botox ထိုးထားသလားဆိုတဲ့ မေးခွန်းကိုလည်း သူမက ထိုးမထားဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
အခုလို ဘာအကူအညီမှမပါဘဲ ပြစ်မျိုးမှဲ့မထင်လှနေရခြင်းရဲ့ လျှို့ဝှက်ချက်ကိုလည်း အသက် ၃၈ နှစ်အရွယ် နီကိုးက ဝေမျှခဲ့ပါတယ်။
"ရေများများသောက်၊ များများအိပ်ရတယ်။ အပူယောဂကျင့်ရတာ၊ ပြေးရတာတွေရှိတယ်။ လူတိုင်း ဒါတွေအားလုံးကို အမြဲလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်ကတော့ ရင်ထဲက ခံစားမှုက အစစ်အမှန် ရောင်ပြန်ဟပ်ခြင်းပဲ" လို့ နီကိုးက ရှင်းပြခဲ့ပါတယ်။
Source & Photos : Mirror