International Celebrity: စိန့်ဘွဲ့ချီးမြှောက်ခံရတဲ့ မာသာထရီဇာအတွက် ရီတာအိုရာဂုဏ်ပြုသီချင်းဆို

ရီတာကို အထူးရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ကွယ်လွန်သွားနှင့်ပြီဖြစ်တဲ့ ကရုဏာရှင် မာသာထရီဇာကို ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က စိန့် (သူတော်စင်)ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒီပွဲမှာ အထူးတင်ဆက်ခွင့်ရသူကတော့ ရီတာအိုရာဖြစ်ပါတယ်။

play

 

ရီတာအိုရာဟာ ကိုဆိုဗိုမှာမွေးဖွားခဲ့သူဖြစ်ပြီး အမေရိကကို ဒုက္ခသည်အဖြစ်နဲ့ရောက်ရှိလာခဲ့သူပါ။ မာသာထရီဆာကလည်း ကိုဆိုဗိုအကြမ်းဖက်မှုအတွင်းမွေးဖွားခဲ့တာဖြစ်တာကြောင့် ရီတာအိုရာကို အထူးရွေးချယ်ကာ ဂုဏ်ပြုသီချင်း သီဆိုစေခဲ့တယ်လို့ သိရပါတယ်။

play

 

Papal Basilica မှာ ပြုလုပ်တဲ့ စိန့်ဘွဲ့နှင်းအပ်ပွဲကို လူပေါင်းတစ်သိန်းထက်မနည်း တက်ရောက်ခဲ့ကြပါတယ်။ ရီတာက What Child Is This သီချင်းကို မာသာထရီဆာအတွက် ဂုဏ်ပြုသီဆိုပေးတာဖြစ်ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ