International Celebrity: တက်တူးဆင်တူထိုးလိုက်ကြတဲ့ ဒရိတ်ခ်နဲ့ရီဟားနား

နှစ်ယောက်သားအချစ်ရေးကတော့ အရမ်းကို သာယာနေပါတယ်။

play

 

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေကြပါပြီလို့ ဝန်ခံလိုက်ကြတဲ့ ဒရိတ်ခ်နဲ့ ရီဟားနားတို့မှာ ချစ်သက်သေထူထားကြတဲ့ အမှတ်အသားတွေကိုယ်စီ ရှိနေကြပြန်ပါတယ်။ တက်တူးဆင်တူတွေ ထိုးထားကြတာပါ။

play

 

စနေညက နယူးအော်လိန်းမှာ ဖျော်ဖြေစဉ် ဒရိတ်ခ်ရဲ့ လက်ဖျံမှာ ငါးမန်းပုံ တက်တူးသစ်တစ်ခုကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ရီဟားနားရဲ့ ခြေကျင်းဝတ်မှာ မြင်ခဲ့ရတဲ့ ငါးမန်းပုံတက်တူးနဲ့ ဆင်တူပါပဲ။ ရီဟားနားက ဘယ်ဘက်ခြေကျင်းဝတ်မှာ ထိုးထားတာဖြစ်ပြီး ဒရိတ်ခ်ကတော့ ညာဘက်လက်ဖျံမှာ ထိုးထားတာဖြစ်ပါတယ်။

play

 

ချစ်ရသူဒရိတ်ခ်အတွက် ချစ်သက်သေထူဖို့ တက်တူးတစ်ခုထိုးခဲ့တယ်လို့လည်း သူမရဲ့တက်တူးဆရာက ပြောခဲ့ပါတယ်။ ပြတ်သွားပြီးမှ ပြန်ဆက်ကြတဲ့ ဒရိတ်ခ်နဲ့ရီဟားနားတို့ဟာ ဒီတစ်ကြိမ်မှာတော့ မခွာနိုင်လောက်အောင်ကိုပဲ ချစ်နေကြပါပြီ။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ