International Celebrity: မိုက်ကယ်ဂျက်ဆင် တစ္ဆေများလား ပရိသတ်တွေကြား ပဟေဠိဖြစ်ခဲ့

ပဲရစ်ဂျက်ဆင် လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံက မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေကို ပဟေဠိတွေနဲ့အတူ လှုပ်ခတ်စေခဲ့ပါတယ်။

play


ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင် ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့စဉ်က ကမ္ဘာတစ်ဝန်းမှ သူ့ရဲ့ပရိတ်တွေကြား လှုပ်ခတ်ခဲ့ပါတယ်။ အခုအခါမှာလည်း မိုက်ကယ်ဂျက်ဆင် ပရိသတ်တွေ နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြရပြန်ပါတယ်။

play


အင်စတာဂရမ်မှာ မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆင် လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံက မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေကို ပဟေဠိတွေနဲ့အတူ လှုပ်ခတ်စေခဲ့ပါတယ်။ ဓာတ်ပုံကိုကြည့်ပြီး အွန်လိုင်းမှာ ပြောဆိုဆွေးနွေးမှု ငြင်းခုန်မှုတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။

play


ပဲရစ်ဂျက်ဆင် လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံထဲက ကားတစ်စီးရဲ့ အနောက်ခန်းမှာ ထိုင်နေတဲ့ ပုံရိပ်တစ်ခုဟာ မိုက်ကယ်ဂျက်ဆင်ပဲလို့ ပြောဆိုခဲ့ကြပါတယ်။ အချို့က မိုကယ်ဂျက်ဆင် မသေသေးဘူးလို့ ဆိုကြသလို ကားနောက်ခန်းက အမည်းရောင်ပုံရိပ်ဟာ မိုက်ကယ်ဂျက်ဆင် တစ္ဆေဖြစ်မယ်လို့ ပြောကြပါတယ်။

play


ပဲရစ်ဂျက်ဆင်က ဒီဓာတ်ပုံကို မတ်လအတွင်းမှာ တင်ခဲ့တာဖြစ်ပေမဲ့ ပရိသတ်တွေကြား အွန်လိုင်းမှာ ထင်မြင်ပြောဆိုမှုတွေက စက်တင်ဘာ ၄ ရက်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကြား ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ထင်မြင်ပြောဆိုမှု မှတ်ချက်တွေ ထောင်နဲ့ချီရှိခဲ့ပါတယ်။
Source & Photo: Paris Jackson Instagram, DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ