International Celebrity: ဝိတ်ချပေးတဲ့ကုမ္ပဏီတစ်ခုကို ကိုင်လီဂျန်နာ တရားစွဲဖို့ကြံရွယ်

, updated

သူမနဲ့ရုပ်ချင်းဆင်သူကို အသုံးပြုတဲ့အတွက် ကျေနပ်ပုံမရပါဘူး။

play

 

လော့စ်အန်ဂျလိစ်မြို့ထဲမှာ စိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခုကြောင့် ကိုင်လီဂျန်နာနဲ့ မိသားစုဝင်တွေက ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးနေကြပါပြီ။

play

 

Freeze Your Fat ကုမ္ပဏီရဲ့ ကိုယ်အလေးချိန်လျှော့ချပေးတဲ့ ဝန်ဆောင်မှုကို ကြေညာရာမှာ ကိုင်လီဂျန်နာနဲ့ ရုပ်ချင်းအရမ်းတူသူကို အသုံးပြုထားတာပါ။ ပုံထဲကမော်ဒယ်ဟာ ကိုင်လီလိုပဲ နှုတ်ခမ်းထူထူ၊ မျက်ခုံးနက်နက်တွေ ပိုင်ဆိုင်ထားတဲ့အပြင် ပါးရိုးတွေကလည်း ပေါ်လွင်နေပုံက ကိုင်လီနဲ့ အတော်ဆင်တူပါတယ်။ အနက်ရောင်ဘရာကိုဝတ်ပြီး ချပ်ရပ်တဲ့ဗိုက်သားတွေကိုပြသထားတဲ့ကြော်ငြာပါ။

play

 

ဒီကြော်ငြာမှာ ကိုင်လီဂျန်နာနဲ့ရုပ်ချင်းတူသူကို အသုံးပြုခြင်းက အဆိုပါဝိတ်ချပေးတဲ့ကုမ္ပဏီနဲ့ သူမအကြားဆက်နွှယ်မှုတွေ ရှိနေသယောင် အထင်မှားစေနိုင်တာကြောင့် ကိုင်လီဂျန်နာရဲ့မိသားစုဝင်တွေဟာ ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးထားကြတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ