International Celebrity: အိုဘားမားချီးမြှင့်တဲ့ဆုကို ရခဲ့ဖူးတဲ့ ဝမ်ဒီ

အဲ့ဒီတုန်းက သမ္မတချီးမြှင့်တဲ့ဆုမှန်း မသိခဲ့ဘူး

play

 

အလယ်တန်းကျောင်းသူဘဝတုန်းက အမေရိကန်သမ္မတအိုဘားမားပေးတဲ့ဆုကို ရခဲ့ဖူးတယ်လို့ Red Velvet အဖွဲ့ဝင် ဝမ်ဒီက ပြောပါတယ်။

play

 

" ကျွန်မက Grade 5 ကနေ Grade 12 အထိ အမေရိကနဲ့ ကနေဒါမှာ ပညာသင်ခဲ့တာ။ အလယ်တန်းတုန်းက အိုဘားမားဆီကဆုတစ်ခုရခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သမ္မတချီးမြှင့်တဲ့ဆုမှန်း မသိခဲ့ဘူး" လို့ tvN အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

play

 

သင်္ချာစွမ်းရည် ထူးချွန်ပြိုင်ပွဲမှာ ပထမရခဲ့တဲ့အတွက် ဆုရခဲ့တာဖြစ်ပြီး သူမ ရရှိခဲ့တဲ့ ဆုလက်မှတ်ကိုပါ ဝမ်ဒီက ပြသခဲ့ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ