International Celebrity: ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အထူးဆုချီးမြှင့်ခံရတဲ့ ဆိုဖီတာနား

Game of Thrones ပရိသတ်တွေကတော့ သူမကို သဘောကျကြမှာပါ။

play

 

Game of Thrones သရုပ်ဆောင်လေး ဆိုဖီတာနားဟာ ယခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အထူးဂုဏ်ပြုဆုတစ်ဆု ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

play

 

တနင်္ဂနွေညနေပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုအပြီးမှာ Kineo Prize ဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ရွှေရောင်ဆံနွယ်တွေနဲ့ လှပနေခဲ့တဲ့ ဆိုဖီက သူမရဲ့ဆုကိုလည်း ပြသခဲ့ပါတယ်။

play

 

အသက် ၂၀ အရွယ် မင်းသမီးလေးဟာ လတ်တလောမှာ ဒိုင်လန် မက်ဒါမော့နဲ့အတူ Huntsville ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

Source : Justjared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ