play

 

ခရစ္စနေလာဆိုသူဟာ တနင်္ဂနွေနေ့မှာ ကျရောက်ခဲ့တဲ့ ဘီယွန်းဆေးရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့ကို ကြီးမားတဲ့လက်ဆောင်တစ်ခု ဖန်တီးပေးခဲ့ပါတယ်။ လွယ်လွယ်ကူကူလုပ်ခဲ့ရတာတော့မဟုတ်ပါဘူး။ နာရီပေါင်း ၈၀ လောက် အချိန်ယူပြီး ပြုလုပ်ခဲ့ရတာပါ။ အတိုင်းအထွာအားဖြင့်လည်း အလျား ၄၀ မီတာ နဲ့ အနံ ၃၀ မီတာ ကျယ်ပါတယ်။

play

 

နေလာက ဂရိတ်နော့တ်လေအက်ဆက်စ်က လယ်ကွင်းကြီးတစ်ခုမှာ ဘီယွန်းဆေးရဲ့ပုံတူကို ဖန်တီးကာ မွေးနေ့အမှတ်တရဂုဏ်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ ခုနစ်ရက်လောက် အချိန်ယူပြီး မြက်ခင်းတွေကိုပုံဖော်ကာ ဘီယွန်းဆေးပုံတူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

မြက်ရိတ်စက်နဲ့ အနားသတ်တွေကို အသေးစိတ်ပုံဖော်ခဲ့တဲ့အပြင် နားဆွဲတွေနဲ့ အသက် ၃၅ နှစ်ပြည့် ၃၅ ဂဏန်းကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video