AD
AD
AD
play
၂၀၁၆ ဂျပန်အလှမယ် ပရီယန်ကာ ယိုရှီကာဝါ


ဂျပန်နိုင်ငံမှာ အိန္ဒိယသွေးတစ်ဝက်နှောတဲ့ ကပြားအလှမယ်တစ်ဦးကို နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

play


ဆင်လေ့ကျင့်ရေးမှူးတစ်ဦးဖြစ်သူ အိန္ဒိယသွေးတစ်ဝက်နှောနေတဲ့ ပရီယန်ကာ ယိုရှီကာဝါကို စက်တင်ဘာ ၅ ရက်က ဂျပန်နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

play


ယမန်နှစ်က အသားညိုတဲ့ အလှမယ် အရီယာနာ မီယာမိုတိုကို နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခဲ့ရာ ဝေဖန်မှုတွေရှိခဲ့ပြီးနောက် ယခုနှစ်မှာလည်း အိန္ဒိယသွေးနှောသူကို ဂျပန်အလှမယ်အဖြစ် ထပ်မံ ရွေးချယ်လိုက်ပါတယ်။

play
၂၀၁၅ ခုနှစ် ဂျပန်အလှမယ် အရီယာနာ မီယာမိုတို


ယမန်နှစ်က မီယာမိုတိုကို အလှမယ်အဖြစ် ရွေးချယ်ခဲ့စဉ် ဂျပန်ကိုယ်စားပြု အလှမယ်ဟာ ဂျပန်စစ်စစ်သာ ဖြစ်ရမယ်ဆိုတဲ့ ဝေဖန်မှုတွေ ဆိုရှယ်မီဒီယာမှာ များပြားစွာ ထွက်ပေါ်ခဲ့ပါတယ်။

play


၂၀၁၅ ခုနှစ် ဂျပန်အလှမယ် မီယာမိုတို မတိုင်မီက သွေးနှောသူ သို့မဟုတ် အသားအရောင် ညိုမည်းသူတွေဟာ ဂျပန်ကိုယ်စားပြု အလှမယ် မဖြစ်နိုင်ခဲ့ပါဘူး။ ၂၀၁၆ ခုနှစ် ဂျပန်အလှမယ်အဖြစ် ရွေးချယ်ခံရတဲ့ ပရီယန်ကာ ယိုရှီကာဝါကို အိန္ဒိယလူမျိုးဖခင်နဲ့ ဂျပန်သူမိခင်တို့က တိုကျိုမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

play


အသက် ၂၂ နှစ်အရွယ် ယိုရှီကာဝါက ဂျပန်နဲ့ အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး အရပ်အမြင့် ၅ ပေ ၈ လက်မ ရှိပါတယ်။

play

ယိုရှီကာဝါဟာ ယခုနှစ် ဒီဇင်ဘာလမှာ ဝါရှင်တန်မှာ ကျင်းပပြုလုပ်မယ့် Miss World ပြိုင်ပွဲမှာ ဂျပန်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source & Photo: Japan Today,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD