International Celebrity: တော်ဝင်မင်းသမီး ဒိုင်ယာနာအကြောင်း ဒီ (၇) ချက်ကို သင်သိလား

ဒိုင်ယာနာနဲ့ ပတ်သက်တဲ့ ဒီ အချက် (၇) ချက်ကလည်း သူမကို အမှတ်တရဖြစ်စေတဲ့ စိတ်ဝင်စားစရာအချက်တွေ ဖြစ်ပါလိမ့်မယ်။

play


ကွယ်လွန်သူ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာကို ကမ္ဘာတစ်ဝန်းမှ ချစ်ခင်နှစ်သက်ခဲ့ကြပါတယ်။ ဒိုင်ယာနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက အခုအချိန်ထိလည်း ကမ္ဘာမှာ အမှတ်တရ ပြောဆိုစရာတွေပါပဲ။ ဒိုင်ယာနာနဲ့ ပတ်သက်တဲ့ ဒီ အချက် (၇) ချက်ကလည်း သူမကို အမှတ်တရဖြစ်စေတဲ့ စိတ်ဝင်စားစရာအချက်တွေ ဖြစ်ပါလိမ့်မယ်။

ကလေးထိန်း

play


တော်ဝင်မင်းသမီး မဖြစ်မီက ဒိုင်ယာနာဟာ မူလတန်းကျောင်းဆရာမလုပ်ခဲ့ပါတယ်။ မူလတန်းကျောင်းဆရာမ မဖြစ်မီက ကလေးထိန်းအလုပ်ကိုလည်း ဒိုင်ယာနာ လုပ်ခဲ့ပါသေးတယ်။

ငယ်စဉ်က အိပ်မက်

play


ဒိုင်ယာနာဟာ ငယ်စဉ်က ဘဲလေးကချေသည်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူပါ။ ဒါပေမဲ့ သူမရဲ့ ရှည်လွန်းနေတဲ့ အရပ်ကြောင့် အဆင်မပြေခဲ့ပါဘူး။

ချားလ်စ်နဲ့ ဖူးစာဆုံစေခဲ့သူ

ဒိုင်ယာနာရဲ့ အစ်မဖြစ်သူက တော်ဝင်မင်းသားချားလ်စ်နဲ့ သူမနဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။

ဆယ်ကျော်သက်မျှသာ

play


ဒိုင်ယာနာဟာ စေ့စပ်လိုက်တဲ့အချိန်မှာ အသက် ၁၉ နှစ်သာရှိသေးပြီး ဆယ်ကျော်သက်မျှသာရှိပါသေးတယ်။

စာအလွန်ညံ့တဲ့ ကျောင်းသူ

play


တော်ဝင်မင်းသမီး ဒိုင်ယာနာက စာအလွန်ညံ့တဲ့ ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်စဉ်က နောက်ဆုံးစာမေးပွဲတွေကို တစ်ကြိမ်မက ကျခဲ့ဖူးးပါတယ်။

သရဖူနဲ့ ဓာတ်မတည့်

play


တော်ဝင်မင်းသမီး ဒိုင်ယာနာက သရဖူဆောင်းရမှာကို မုန်းသူပါ။ သရဖူဆောင်းရင် ခေါင်းကိုက်တတ်လို့ ဖြစ်ပါတယ်။

အချက်အပြုတ်မတတ်တဲ့ အိမ်ရှင်မ

play


ဒိုင်ယာနာဟာ အချက်အပြုတ် မတတ်ကျွမ်းတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အပြင်းအထန် ကြိုးစားချက်ပြုတ်ခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ဘူးလို့ ဒိုင်ယာနာမိသားစုရဲ့ စာဖိုမှူးက ပြောပါတယ်။
Source & Photo: Tech & Facts

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ