International Celebrity: ကျောပြောင်ဂါဝန်လေးနဲ့ အယ်လီဂိုလ်ဒင်

ို

play

 

လန်ဒန်မြို့ရဲ့ တနင်္လာညနေခင်းကို သိမ်းပိုက်သွားသူလေးကတော့ အဆိုတော်ချော အယ်လီဂိုလ်ဒင်ပါ။ Bridget Jones' Baby ဇာတ်ကား အထူးပွဲကို တက်ရောက်ခဲ့တဲ့ အယ်လီက နောက်ကျောပြောင်ဂါဝန်လေးကို ရွေးချယ်လာပါတယ်။

play

 

Marchesa Fall 2016 ဂါဝန်လေးက သားမွေး၊ ဇာနဲ့ ဖဲသားတို့ကို ပေါင်းစပ်ထားပုံရပါတယ်။ ပေါင်တစ်ဝက်အထိသာပါတဲ့ ဂါဝန်တိုလေးဟာ အယ်လီရဲ့လှပတဲ့ပေါင်တံသွယ်သွယ်တွေကိုလည်း ပြသထားပါသေးတယ်။ သူမရဲ့ဟန်အတိုင်း အပြုံးချိုချိုလေးတွေနဲ့ ကော်ဇော်နီကို လျှောက်လှမ်းပုံကလည်း ချစ်စရာပါ။

play

 

Bridget Jones' Baby ရဲ့ အဓိကဇာတ်ဝင်သီချင်း Still Falling For You ကို အယ်လီဂိုလ်ဒင်က သီဆိုထားတာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ