International Celebrity: ကန်ဒဲလ်နဲ့ဟယ်ရီစတိုင်တို့ ပြန်တွဲကြတော့မလား

အရင်တုန်းက အချိန်အတော်ကြာကြာ ချစ်ခဲ့ဖူးသူတွေဆိုတော့ ပြန်ဆက်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

play

 

မော်ဒယ်လေး ကန်ဒဲလ်ဂျန်နာဟာ နှုတ်ခမ်းနီမလေးတို့အသည်းစွဲ အဆိုတော် ဟယ်ရီစတိုင်နဲ့ ပိတ်ရက်တုန်းက တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ လော့စ်အန်ဂျလိစ်မြို့က Ysabel စားသောက်ဆိုင်မှာ ညစာအတူစားရင်း တွေ့ဆုံခဲ့ကြတာပါ။ ကန်ဒဲလ်ကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေပုံရတယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးကလည်း ပြောပါတယ်။

play

 

ဟယ်ရီနဲ့ကန်ဒဲလ်တို့ဟာ အချိန်အတော်ကြာ ချစ်ခဲ့ကြသူတွေမို့ ယခုလိုပြန်ချိန်းတွေ့တာဟာ ချစ်ဇာတ်လမ်း တစ်ခန်းပြန်စတော့မလားဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။ ကန်ဒဲလ်ကလည်း လက်ရှိမှာ အဆိုတော် A$AP Rocky  နဲ့ တွဲနေတာပါ။

play

 

၂၀၁၃ ခုနှစ်တုန်းက ကာရစ်ဘီးယန်းမှာ ပျော်မြူးနေတဲ့ပုံတွေနဲ့အတူ ဟယ်ရီနဲ့ကန်ဒဲလ်တို့ရဲ့ အချစ်ရေးကို လူတွေသိလာခဲ့ရပါတယ်။ ယခုနှစ်အစောပိုင်းမှာတော့ နှစ်ယောက်သားလမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ