International Celebrity: ကိုရီးယား ဘူဆန်က ဟောလိဝုဒ်မင်းသား

ကိုရီးယားလူမျိုး မင်းသား ဒန်နီရယ်ဒေကင်မ်ဟာ တောင်ကိုရီးယား ဘူဆန်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကကို ၂ နှစ်သားဘဝကတည်းက ပြောင်းရွှေ့နေထိုင်ခဲ့သူပါ။

play


ရုပ်ရှင်ဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများ နာမည်ကြီးလာခဲ့တဲ့ ကိုရီးယားလူမျိုး မင်းသား ဒန်နီရယ်ဒေကင်မ်ဟာ တောင်ကိုရီးယား ဘူဆန်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကကို ၂ နှစ်သားဘဝကတည်းက ပြောင်းရွှေ့နေထိုင်ခဲ့သူပါ။

play


အခုတော့ အမေရိကန်နိုင်ငံသား ခံယူပြီးဖြစ်တဲ့ ကင်မ်ဟာ တက္ကသိုလ်ကျောင်းပြီးကာစမှာ CSI ရုပ်ရှင်ဇာတ်လမ်းတွဲမှာ စတင် ပါဝင်သရုပ်ဆောင်ရာကနေ အနုပညာလောကထဲ ဝင်ရောက်ခဲ့ပါတယ်။

play


Law & Order, NYPD Blue, Crusade, Star Trek: Voyager, Charmed, CSI : Crime Scene Investigation, 24, Lost ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ အဓိက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကင်မ်ဟာ Hawaii Five-0 စုံထောက်ရုပ်ရှင် ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ လူသိများ အောင်မြင်ခဲ့တဲ့ မင်းသားဆိုလည်း မမှားပါဘူး။

play


ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Hulk, Spider-Man 2, The Cave, Arena ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့သလို လက်ရှိမှာ The Divergent Series : Insurgent ဇာတ်ကားနဲ့ Allegiant ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပြန်ပါသေးတယ်။

play


ဇနီး၊ ကလေးနှစ်ယောက်နဲ့အတူ ဟာဝိုင်အီမှာနေထိုင်လျက်ရှိတဲ့ ကင်မ်ဟာ ထူးခြားတဲ့သွင်ပြင်နဲ့ တည်ငြိမ်တဲ့သရုပ်ဆောင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ကင်မ်ကို ၁၉၆၈ ခုနှစ် သြဂုတ် ၄ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ