International Celebrity: သုံးလပဲကြာလိုက်တဲ့ တေလာဆွစ်နဲ့တွမ်ဟစ်ဒယ်လ်စတန်တို့ရဲ့ ချစ်ဇာတ်လမ်း

, updated

သုံးလဆိုတာက ထင်ထားတာထက်တော့ ပိုပြီးကြာခဲ့တာပါပဲ။

play

 

အဆိုတော်မလေး တေလာဆွစ်နဲ့ ဗြိတိန်သရုပ်ဆောင် တွမ်ဟစ်ဒယ်လ်စတန်တို့ရဲ့ သည်းသည်းလှုပ်အချစ်ရေးကတော့ သုံးလအကြာမှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။ များစွာသော သတင်းရင်းမြစ်တွေနဲ့ နှစ်ဖက်ရင်းနှီးသူတွေကလည်း တေလာနဲ့တွမ်တို့ရဲ့ ချစ်ကြိုးတွေပြတ်တောက်ကုန်ပြီဆိုတာကို အတည်ပြုပေးခဲ့ကြပါတယ်။

play

 

တေလာဆွစ်ဘက်ကပဲ တွမ်ကို ခွာထုတ်ချင်တာလို့ သိရပါတယ်။ တွမ်က တေလာနဲ့အတူ လူမြင်ကွင်းမှာ ပိုပြီးထင်ထင်ပေါ်ပေါ်တွဲဖို့လိုလားပေမဲ့ တေလာဆွစ်ဘက်က ငြင်းဆန်နေခဲ့ရာကနေ ခုလောက်ထိဖြစ်သွားခဲ့ကြတာပါ။ သြဂုတ်လကတည်းက သူတို့နှစ်ဦးကြားမှာ တင်းမာမှုတွေစပြီးဖြစ်နေခဲ့တယ်လို့လည်း အတွင်းလူတစ်ဦးက ဖောက်သည်ချပါတယ်။ ဒီလကုန်မှာ ကျင်းပမယ့် အမ်မီဆုပေးပွဲကို အတူတက်ဖို့ တွမ်ကပြောပေမဲ့ တေလာက လက်မခံခဲ့ပါဘူး။ သိပ်မကြာခင်မှာပဲ နှစ်ယောက်သား ခွာပြဲသွားကြပါတော့တယ်။

play

 

တေလာဆွစ်နဲ့ တွမ်ဟစ်ဒယ်လ်စတန်တို့ဟာ မေလတုန်းက Met Gala ပွဲမှာ စပြီး ချိတ်မိခဲ့ကြတာဖြစ်ပြီး ဇွန်လမှာတော့ ကမ်းခြေမှာနမ်းနေကြတဲ့ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပလူပျံခဲ့ပါတယ်။ တွမ်နဲ့တေလာတို့ ကြိုက်သွားကြတာကို မယုံကြည်နိုင်ဖြစ်ခဲ့ကြရပေမဲ့ တကယ်တမ်းမှာလည်း သုံးလအကြာမှာ အဆုံးသတ်သွားကြပါတယ်။

Source : US Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ