AD
AD
AD
play

 

၂၀၁၆ ခုနှစ် ဆိုးလ်ဒရာမာဆုပေးပွဲကို ဆောင်းဂျွန်ကီနဲ့ ရှင်မင်းအာတို့ တက်ရောက်ကြမှာဖြစ်ကြောင်း ဆုပေးပွဲကော်မတီက အတည်ပြုလိုက်ပါတယ်။

play

 

ဆောင်းဂျွန်ကီဟာ KBS ရုပ်သံမှာ ပြသခဲ့တဲ့ Descendants of the Sun ဇာတ်ကားနဲ့ အကြီးအကျယ် အောင်မြင်မှုကို ရရှိခဲ့သူပါ။ ရုပ်သံမှာထုတ်လွှင့်စဉ်ကလည်း ကြည့်ရှုနှုန်းအများဆုံးစံချိန်ကို ရရှိခဲ့ပြီး ပြည်တွင်းမှာသာမက ပြည်ပအထိပါ ပေါက်ရောက်ခဲ့ပါတယ်။

play

 

ရှင်မင်းအာကတော့ Oh My Venus ဇာတ်ကားမှာ ထူးခြားတဲ့မိတ်ကပ်တွေကိုခြယ်သခဲ့ရသလို ယခင်ဇာတ်ရုပ်တွေကနေ ကွဲထွက်သွားတဲ့ ဇာတ်ကောင်စရိုက်ကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပေါင် ၂၆၀ လောက်ဝနေတဲ့ ဖက်တီးမလေးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရှင်မင်းအာရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ဆိုးလ်ဒရာမာဆုပေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။

ဆုပေးပွဲကို စက်တင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဆောင်းဂျွန်ကီနဲ့ ရှင်မင်းအာက တောင်ကိုရီးယားရဲ့ရိုးရာယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့သရုပ်ဆောင်တွေအဖြစ် တက်ရောက်ကြရမှာဖြစ်ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD