International Celebrity: တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ယုံကြည်မှုမရှိသေးတဲ့ ဇေးမောလစ်

ဒူဘိုင်းမှာ ဖျော်ဖြေဖို့ကိုလည်း ဖျက်သိမ်းလိုက်ပြန်ပါပြီ။

play

 

ဇေးမောလစ်ဟာ တစ်ကိုယ်တော်ဖြေဖျော်ပွဲတွေအတွက် စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့် နောက်လမှာ ပြုလုပ်မယ့် ဒူဘိုင်းက ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာလ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။

play

 

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝမရှိသေးဘူးလို့ One Direction အဆိုတော်ဟောင်း ဇေးမောလစ်က ဖွင့်ဟရင်း အောက်တိုဘာလ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရှိုးပွဲကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် ပေါ့ပ်အဆိုတော်ဟာ သူ့ရဲ့စိုးရိမ်စိတ်လွန်ကဲမှုကြောင့် ဇွန်လတုန်းကလည်း လန်ဒန်မှာ ပြုလုပ်မယ့် ရှိုးပွဲကို ဖျက်သိမ်းခဲ့ရပြီးပါပြီ။

play

 

"ချစ်ခင်ရတဲ့ ပရိသတ်ကြီး..တစ်ကိုယ်တော် ဖျော်ဖြေမှုတွေအတွက် စိုးရိမ်စိတ်လွန်ကဲမှုကို ကျော်လွှာနိုင်ဖို့အတွက် သုံးလလုံးလုံး ကြိုးပမ်းခဲ့ပါတယ်။ တိုးတက်လာတယ်လို့ ခံစားရပေမဲ့ အောက်တိုဘာမှာ ဒူဘိုင်းမှာ လုပ်ဖို့စီစဉ်ထားတဲ့ ပွဲအတွက် လုံလောက်တဲ့ ယုံကြည်မှုမရှိသေးဘူးလို့ ဒီနေ့ သိလိုက်ရတယ်။ လက်မှတ်အားလုံး ငွေပြန်အမ်းပေးမှာပါ။ အားလုံးကို စိတ်ပျက်အောင်လုပ်မိတဲ့အတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်း ချစ်ခင်မှု၊ လေးစားမှုတွေနဲ့..ဇေး" လို့ ပရိသတ်ကို ရည်ညွှန်းပြီး ဇေးက စာရှည်တစ်စောင်ရေးသားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ