International Celebrity: ဂျေဆန်စတက်သန်ကို တမ်းတနေတဲ့ ရိုစီဟန်တင်တန်

ကျွန်မလိုအပ်တဲ့အချိန် ကျွန်မရဲ့ ထရန်စပေါ်တာက ဘယ်ရော်ကနေလဲလို့ သူမက တမ်းတခဲ့ပါတယ်။

play

 

မက္ကဆီကိုမှာ တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်း နယူတန်ကြောင့် မက္ကဆီမှာပိတ်မိနေတဲ့ ရိုစီဟန်တင်တန်ဝှိုက်တလေဟာ ချစ်သူကို တမ်းတလိုက်တာ ဖြစ်ပါတယ်။

play

 

အတွင်းခံမော်ဒယ် ရိုစီဟာ မုန်တိုင်းနဲ့ ပတ်သက်ပြီး သူမရဲ့အတွေးအမြင်တွေနဲ့ စိုးရိမ်မှုတွေကို အင်စတာဂရမ်ကနေ မျှဝေခဲ့ပါသေးတယ်။

play

 

ဟာရီကိန်းမုန်တိုင်းဟာ သူမအပန်းဖြေနေတဲ့ ပစိဖိတ်ကမ်းရိုးတန်းကို ဦးတည်နေတယ်လို့ သိရပါတယ်။

play

 

"Cabo San Lucas ရဲ့ အရှေ့တောင်ဘက် ၂၁၅ မိုင်အကွာမှာ တိုက်ခိုက်နေတယ်။ ဒီကမ်းရိုးတန်းကို ဦးတည်လာနေတယ်" လို့ သူမရဲ့ သူငယ်ချင်းက ပြောကြားပြီး ရိုစီက အဲဒီဗီဒီယိုကို ရိုက်ကူးပြီး အင်စတာဂရမ်မှာ စက်တင်ဘာလ ၅ ရက်က တင်ခဲ့ပါသေးတယ်

play

 

"ကျွန်မလိုအပ်နေချိန်မှာ ကျွန်မရဲ့ ထရန်စပေါ်တာက ဘယ်ရောက်နေတာလဲ" လို့ နောက်ထပ် ပုံတစ်ပုံတင်ရင်း သူမက ရေးသားထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ