International Celebrity: ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေပြန်တဲ့ ဂျီဂျီဟက်ဒီး

ဘယ်တော့ကြည့်ကြည့် စတိုင်ကျနေသူပါ။

play

 

စက်တင်ဘာလ ၅ ရက်နေ့က နယူးယော့ခ်မြို့မှာ မြင်တွေ့ရတဲ့ စူပါမော်ဒယ် ဂျီဂျီဟက်ဒီဟာ ရိုးရိုးရှင်းရှင်းလေးနဲ စတိုင်အရမ်းကျနေပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟာ လည်ဟိုက် ဂါဝန်လေးကို ဒူးအထိရှည်တဲ့ ဘွတ်ဖိနပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာပါ။

အိတ်ကပ်ကြိးတွေပါတဲ့ ဂါဝန်တိုလေးဝတ်ထားတဲ့သူမဟာ ဆံပင်ကို အုံလုံးသိမ်းချည်ထားပြီး နေကာမျက်မှန်အဝိုင်းလေးနဲ့ ရှင်းသန့် လှပနေတာပါ။

play

 

အဆိုတော် ဇေးမောလစ်ရဲ့ချစ်သူ ဂျီဂျီဟာ ဘွတ်ဖိနပ်အနက်နဲ့ လိုက်ဖက်အောင် လက်ကိုင်အိတ်အနက်ကို လက်ကဆွဲလို့ လက်တစ်ဖက်က ဖုန်းကို ကိုင်ကာ စတိုင်ကျကျလျှောက်လှမ်းလာနေတာကို မြင်တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ