International Celebrity: ပလက်တီနမ်ကေသာနဲ့ ကိုင်လီဂျန်နာ

ဒီတစ်ခါ ဆံပင်အတု မဟုတ်တော့ပါဘူး။

play

 

မကြာသေးခင်ကမှ အသက် ၁၉ နှစ် ပြည့်သွားတဲ့ ကိုင်လီဂျန်နာက နောက်ထပ်အဆန်းတစ်ခုကို လုပ်လိုက်ပြန်ပါပြီ။ သူမရဲ့ နက်မှောင်တဲ့ကေသာတွေကို ပလက်တီနမ်အရောင် ပြောင်းလဲလိုက်တာပါ။

play

 

အရင်တုန်းကတော့ ဆံပင်တုတွေသာ တစ်ခုပြီးတစ်ခု ပြောင်းလဲတပ်ဆင်ခဲ့တဲ့ ကိုင်လီက ဒီတစ်ကြိမ်မှာ တကယ်ပဲအရောင်ပြောင်းလိုက်တာကို snapchat ပေါ်မှာ တင်ကာ သက်သေပြခဲ့ပါတယ်။

play

 

အင်္ဂါညက နယူးယော့ခ်မြို့ Madison Square Garden မှာ ပြုလုပ်တဲ့ ခဲအိုဖြစ်သူ ကာညေးဝက်စ်ရဲ့ပွဲကို ကိုင်လီက ဆံပင်သစ်နဲ့တက်ရောက်ခဲ့ပါတယ်။ ဆံပင်တွေကို ပိုပြီးပေါ်လွင်အောင် စိုလဲ့တောက်ပတဲ့ အနီရောင်ဝတ်စုံကိုလည်း ကိုင်လီက ဝတ်ထားခဲ့တာ တွေ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ