AD
AD
AD
play


စက်တင်ဘာ ၁၁ ရက်မှာ ကျင်းပပြုလုပ်မယ့် မယ်အမေရိကပြိုင်ပွဲမှာ လိင်တူစုံမက်သူအဖြစ် ပွင့်လင်းစွာပြောကြားထားတဲ့ ပထမဆုံး အလှမယ်တစ်ဦးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play


လိင်တူစုံမက်တဲ့ ဂေးတစ်ဦးဖြစ်ကြောင်း ဖွင့်ဟပြောထားသူ အီရင်အိုဖလာဟာတီက မစ်ဆူရီအလှမယ်အဖြစ် မယ်အမေရိကရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

play


သူမက ယခုနှစ် ဇွန်လမှာ ပြုလုပ်တဲ့ မစ်ဆူရီမယ်ရွေးပွဲမှာ လိင်တူစုံမက်ကြောင်း ပွင့်လင်းစွာဝန်ခံပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ မစ်ဆူရီမယ်ဘွဲ့ကို ပထမဆုံး ပိုင်ဆိုင်ခဲ့ပါတယ်။

play


မယ်အမေရိကပွဲမှာ သူမ ပါဝင်ယှဉ်ပြိုင်နိုင်မှုက လူတွေကို ပိုပြီးတော့ ပွင့်လင်းလာစေမယ်လို့ အီရင်က ဆိုပါတယ်။

play


လိင်တူစုံမက်မှုနဲ့ ပတ်သက်ပြီး သူမအနေနဲ့ အလွန် ပွင့်လင်းတယ်လို့လည်း အီရင်က ဖွင့်ဟပါတယ်။ အီရင် အဝတ်အထည် စတိုးဆိုင်ပိုင်ရှင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေးကဏ္ဍကို ကိုယ်စားပြု ပါဝင်သွားဖို့ ရွေးချယ်ပါတယ်။

play


မယ်အမေရိကပြိုင်ပွဲဝင်တွေဟာ ကိုယ်စားပြုပါဝင်သွားမယ့် လူမှုရေးကဏ္ဍတစ်ခုကို ရွေးချယ်ရတာ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်ကတည်းက ကျင်းပပြုလုပ်လာတဲ့ မယ်အမေရိကပြိုင်ပွဲမှာ လိင်တူစုံမက်တဲ့ ဂေးဖြစ်ကြောင်း ဝန်ခံထားသူ အလှမယ်တစ်ဦး ပါဝင်ယှဉ်ပြိုင်ခြင်းက ပြိုင်ပွသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။
Source & Photo: Cleveland, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD