International Celebrity: အသည်းကွဲနေတဲ့ တေလာဆွစ်ကို အားပေးတဲ့ ဆယ်လီနာဂိုးမက်စ်

လောလောဆယ် ဘယ်သူနဲ့မှ မတွဲသေးဖို့နဲ့ အယ်လ်ဘမ်လည်း မထုတ်ဖို့ ဆယ်လီနာက ပြောခဲ့ပါတယ်။

play

 

တေလာဆွစ်ဟာ တွမ်ဟစ်ဒယ်လ်စတန်နဲ့ ကွဲပြီးတဲ့နောက် ဆယ်လီနာဂိုးမက်စ်ရဲ့ နှစ်သိမ့်အားပေးမှုတွေကို ရခဲ့ပါတယ်။

play

 

ဆယ်လီနာက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို အယ်လ်ဘမ်သစ် ထုတ်ဖို့ ကိစ္စ ခဏရပ်ထားဖို့နဲ့ လောလောဆယ်မှာ ဘယ်သူနဲ့မှ မတွဲဖို့ တိုက်တွန်းခဲ့ပါတယ်။

လမ်းခွဲခြင်းဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးအရာတွေထဲက တစ်ခုဖြစ်ပေမဲ့ တေလာဆွစ်ကတော့ နှစ်သိမ့်အကြံဉာဏ်ပေးနိုင်မယ့် ဆယ်လီနာလို သူငယ်ချင်းမျိုးရှိနေတာ ကံကောင်းပါတယ်။

play

 

"တေလာက ဆယ်လီနာကို ရည်းစားနဲ့ လမ်းခွဲလိုက်တဲ့အကြောင်း ပြောတော့ ဆယ်လီနာက အားလုံးကို ဖြည်းဖြည်းသက်သာပဲ လုပ်သွားဖို့ ဆယ်လီနာက အကြံပေးခဲ့ပါတယ်" လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ဆိုခဲ့ပါတယ်။

တေလာဆွစ်ဟာ ဒီနှစ်ထဲမှာပဲ အသည်းနှစ်ကြိမ်ကွဲခဲ့သူပါ။

play

 

သုံးလသာ တွဲခဲ့ရတဲ့ တွမ်ဟစ်ဒယ်လ်စတန်နဲ့သာ မကဘဲ တွမ့်အရင် ၁၅ လကြာ ချစ်သူတွေဖြစ်ခဲ့တဲ့ ကယ်ဗင်ဟားရစ်နဲ့လည်း ဒီနှစ်ထဲမှာပဲ လမ်းခွဲခဲ့ရတာပါ။

Source & Photos : Hollywood

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ