AD
AD
AD
play

 

စကော့ DJ သမား ကယ်ဗင်ဟားရစ်ဟာ တေလာဆွစ်နဲ့ ပြတ်သွားပြီးနောက် တစ်ကိုယ်တည်းရှိနေခဲ့ရာက အမျိုးသမီးတစ်ဦးနဲ့ လက်ချင်းချိတ်ပြီးသွားတာကို မြင်ခဲ့ရပါတယ်။ စနေညက လော့စ်အန်ဂျလိမှာပြုလုပ်တဲ့ သူငယ်ချင်းတွေရဲ့ပါတီကို မင်းသမီး အိုင်ဇာ ဂွန်ဇာလက်နဲ့အတူသွားခဲ့ကြတာပါ။

play

 

People သတင်းမှာလည်း သူတို့နှစ်ယောက် ပတ်သက်မှုတွေ ရှိနေတယ်လို့ ရေးသားဖူးပါတယ်။ Us Weekly မှာ ဖော်ပြဖူးပုံအရ နှစ်ယောက်အတူ တွဲသွားတွဲလာလုပ်နေကြပြီး လူသိမခံချင်ပုံရတယ်လို့လည်း သိရပါတယ်။

play

 

ဒီမတိုင်ခင်က အဆိုတော်မလေး တီနာရှီနဲ့ ကောလာဟလတွေ ထွက်လာပေမယ့် ဘာမှဆက်ဖြစ်မလာကြပါဘူး။ မနေ့ကလည်း ကယ်ဗင်ဟားရစ်ရဲ့အချစ်ဟောင်းကြီး တေလာဆွစ်က တွမ်ဟစ်ဒယ်လ်စတန်နဲ့ ကွဲသွားခဲ့ကြောင်း လူသိရှင်ကြားဖြစ်လာပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD