International Celebrity: ဒေါ်လာသုံးသန်းတန် မာရီလင်မွန်ရိုးအင်္ကျီ

လေလံဆွဲမယ့်လူတွေလည်း အများအပြားရှိနေပါတယ်။

play

 

အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီရဲ့ အသက် ၄၅ နှစ်ပြည့်မွေးနေ့မှာ မာရီလင်မွန်ရိုး ဝတ်ဆင်ဖျော်ဖြေခဲ့တဲ့ ဝတ်စုံကို ကန်ဒေါ်လာာ ၃ သန်းနဲ့ လေလံတင်သွားမယ်လို့ သိရပါတယ်။ အဆိုပါတင်ဆက်မှုအပြီး နောက်သုံးလမပြည့်ခင်မှာ မွန်ရိုးကွယ်လွန်သွားခဲ့ပါတယ်။

play

မွန်ရိုးဝတ်ခဲ့တဲ့ဝတ်စုံကို ခရစ္စတယ်ကျောက်ပေါင်း ၂၅၀၀ ကျော်နဲ့ တန်ဆာဆင်ထားပြီး မွန်ရိုးအတွက် သီသန့်ဖန်တီးထားခဲ့တဲ့ဝတ်စုံပါ။ ယခုတော့ ယင်းဝတ်စုံကို ကန်ဒေါ်လာ နှစ်သန်းမှ သုံးသန်းအတွင်း လေလံတင်ရောင်းချနိုင်လိမ့်မယ်လို့ Julien လေလံအရောင်းက ဆိုပါတယ်။

play

 

ဒေါ်လာသုံးသန်းလောက်နဲ့ လေလံဆွဲမယ့်လူတွေလည်း အများအပြားရှိနေပြီး ကမ္ဘာတစ်ဝန်းက ပြတိုက်တွေ၊ အမှတ်တရပစ္စည်းစုဆောင်းသူတွေနဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံလိုသူတွေလည်း အများအပြားရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ