play

 

မော်ဒယ်လေး ကိတ်အပ်တန်က သူမရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး အပြောခံနေရတာကို ထုတ်ပြောပြခဲ့ပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ် ကိတ်အပ်တန်က စင်မြင့်တွေနဲ့ ရှိုးပွဲတွေအပြင် ကြော်ငြာတွေမှာပါ ပါဝင်နေရပေမယ့် ဝိတ်ချဖို့ပဲ တစ်ချိန်လုံး အပြောခံနေရတယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က မော်ဒယ်လောကကို စတင်ဝင်ရောက်လာစဉ်မှာ သူမရဲ့ကောက်ကြောင်းလှလှတွေကို သဘောကျကြပေမယ့် ဝိတ်ချဖို့ကိုပဲ အမြဲတမ်းအကြံပေးနေကြတာ ခံခဲ့ရပါတယ်။

play

 

" အစပိုင်းကတော့ သူတို့ပြောသလို ဝိတ်ချဖို့ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာဖြစ်ရပ်မှန်မဟုတ်မှန်း ကျွန်မနားလည်လိုက်။ ဒါကျွန်မရဲ့ကိုယ်ခန္ဓာ ကျွန်မရဲ့ကောက်ကြောင်းပဲလေ" လို့ သူမ လက်ခံထားတဲ့ ကိုယ်ပိုင်အလှအကြောင်း Illusion မဂ္ဂဇင်းမှာ ဖြေကြားသွားခဲ့ပါတယ်။

Source : Illusion

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video