play

 

အခုချိန်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ ဘောလိဝုဒ်မင်းသမီးတစ်ယောက်က တစ်ချိန်က ပုံမလာပန်းမလာနဲ့ ကိုယ့်ကိုကိုယ် လှတယ်လို့တောင် မထင်ခဲ့ဘူးလို့ ပြောရင် ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ ဒါပေမဲ့ ပရီယန်ကာချော်ပရာကတော့ ဒါဟာ သူမရဲ့အကြောင်းပါလို့ ဆိုလာပါတယ်။

play

 

၂၀၀၀ ပြည့်နှစ်မှာ မယ်ကမ္ဘာဆုကို ဆွတ်ခူးရှိခဲ့ပြီး ဘောလိဝုဒ်ရုပ်ရှင်များစွာမှာ ပါဝင်ခဲ့ကာ အမေရိကမှာလည်း နာမည်ရနေတဲ့ သူမဟာ သူမကိုယ်သူ လှတယ်လို့ အသိအမှတ်ပြုဖို့ အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

"ကျွန်မကိုယ်ကျွန်မ လှမှန်းတောင် မသိခဲ့ပါဘူး။ တကယ်တော့ အခုထိလည်း မသိသေးဘူးလို့ အသက် ၃၄ နှစ်အရွယ် မင်းသမီးက ဆိုပါတယ်။

play

 

"ကျွန်မက ကမ္ဘာ့အလှဆုံး မိန်းကလေးလို့ မထင်ပါဘူး။ အဲဒီဆုကိုရတာဟာ ကျွန်မ စကားပြောကောင်းလို့ပဲလို့ ထင်တယ်" လို့ သူမက ပြောပါတယ်။

ပရီယန်ကာချော်ပရာရဲ့ အထက်တန်းကျောင်းသူဘဝကလည်း မလှပခဲ့ပါဘူး။

အိန္ဒိယမှာ ကြီးပြင်းခဲ့တဲ့သူမဟာ အထက်တန်းကျောင်းကို အမေရိကန်ပြည်ထောင်စု၊ မန်ဆက်ချူးဆက်ပြည်နယ်၊ နယူတန်မြို့မှာ တက်ခဲ့ပြီး အဲဒီကျောင်းမှာလည်း အနိုင်ကျင့်ခံခဲ့ရသူပါ။

play

 

တကယ်တော့ မယ်ကမ္ဘာဆုပြိုင်ပွဲဝင်ဖို့ သူမက လျှောက်ခဲ့တာ မဟုတ်ဘဲ သူမအမေက လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ကောလိပ်စကောလားရှစ်အတွက် ပရီယန်ကာ လျှောက်လွှာတင်ချိန်မှာ သူမမိခင်က Miss India ပြိုင်ပွဲအတွက် ဓာတ်ပုံတွေ ပို့ခဲ့တာ ဖြစ်ကာ တာဝန်ကျေတဲ့ သမီးဖြစ်တဲ့ ပရီယန်ကာက မိခင်ဆန္ဒအတိုင်း ကြိုးပမ်းခဲ့တာသာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video