International Celebrity: ဒေးဗစ်ဘက်ခမ်းနဲ့ ဇာတ်လမ်းရှုပ်ခဲ့မိတာကို နောင်တမရဘူးဆိုတဲ့ ရေဘက္ကာလိုစ်

လွန်ခဲ့တဲ့ ၁၂ နှစ်က နာမည်ထွက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်းနဲ့ ရှုပ်နေတယ်လို့ နာမည်ထွက်လာပြီးတဲ့နောက် ရေဘက္ကာလိုစ်ဟာ နာမည်ကြီးသွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို နာမည်ထွက်ခဲ့ပြီးနောက် ၁၂ နှစ်အတွင်းမှာတော့ ရေဘက္ကာ စိတ်ဝင်စားတဲ့ ဘောလုံးသမားတွေက ကျောင်းသားလေးတွေသာ ဖြစ်ပြီး သူတို့ကတော့ သူမရဲ့သားလေးတွေ ဖြစ်ပါတယ်။

play

 

စွဲမက်ဖွယ်ရာ မိန်းကလေးအဖြစ်ကနေ အိမ်ထောင်ရှင်မအဖြစ် ပြောင်းလဲသွားတဲ့ ရေဘက္ကာဟာ ခင်ပွန်းဖြစ်သူ ဆရာဝန်ရယ်၊ သားလေးနှစ်ယောက်ရယ်အတွက် အိမ်ရှင်မအဖြစ် တာဝန်ယူပေးရတာကို ဂုဏ်ယူတတ်နေပါပြီ။

play

 

"အိမ်သန့်ရှင်းရေးလုပ်တယ်၊ ရေချိုးခန်းကို တိုက်ချွတ်တယ်၊ ညနေတိုင်း ညစာချက်တယ်၊ အဝတ်အစားတွေလျှော်တယ်။ ကျွန်မအိမ်နဲ့ ကျွန်မမိသားစုကို စောင့်ရှောက်ရတာ ကျွန်မပျော်တယ်" လို့ နော်ဝေဂျီယန်တောင်တန်းတွေပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးမှာ နေထိုင်နေတဲ့ သူမက ဆိုပါတယ်။

play

 

သူမဟာ နော်ဝေးမှာနေထိုင်တာ ၇ နှစ်ရှိပြီဖြစ်ပြီး အခုဆိုရင် နော်ဝေးစကားလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေပါပြီ။ တောထဲမှာနေထိုင်ရတဲ့ဘဝ အကြောင်းကို ရေးသားပြီး အွန်လိုင်းမှာ တင်ဖို့တောင် ပြင်ဆင်နေပါတယ်။

play

 

သူမဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။  နိုက်ကလပ်တစ်ခုမှာ အသက် ၂၈ နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းနဲ့ တွဲနေပုံတွေ ပျံ့နှံ့သွားခဲ့ပြီး ဘက်ခမ်းက သူတို့နှစ်ယောက် ပတ်သက်မှုမရှီဘူးလို့ ငြင်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့က ဒေးဗစ်ဘက်မမ်းရဲ့ ကိုယ်ရေးလက်ထောက်ရာထူးကနေ သူမ အလုပ်ပြုတ်သွားခဲ့တာပါပဲ။

play

 

အဲဒီနောက် အသက် ၂၆ နှစ်အရွယ် ရေဘက္ကာဟာ သူမတို့အကြောင်းကို သတင်းလောကကို ရောင်းချခဲ့ကာ နောက်ပိုင်းမှာ တီဗီအစီအစဉ်တွေ၊ ပလေးဘွိုင်းနဲ့ Zoo မ္ဂ္ဂဇင်းတို့ရဲ့ မျက်နှာဖုံးပေါ်မှာ ပါဝင်လာခဲ့ပြီး ကော်ဇောနီပေါ်မှာ အကြိမ်ကြိမ် လျှောက်လှမ်းခဲ့ရတဲ့ ဆယ်လီတစ်ဦး ဖြစ်လာခဲ့ပါတယ်။

play

 

တီဗီရှိုးတစ်ခုမှာ ယခုလက်ရှိခင်ပွန်း ဒေါက်တာနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သူနေထိုင်ရာ Scandinavian အယ်လ်ပိုင်းတောင်တန်းတွေဆီကို ရောက်ခဲ့လာခဲ့တဲ့ ရေဘက္ကာဟာ ဖြစ်ခဲ့သမျှကိစ္စတွေအတွက် ဘာကိုမှ နောင်တမရဘူးလို့ ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ