International Celebrity: မကောင်းဆိုးဝါးနဲ့သရဲတွေကြားက မင်းသမီးကြီး ဗီရာ

၂၀၀၆ခုနှစ်မှာတော့ လီယိုနာဒို ဒီကက်ပရီယို၊ မတ်ဒေမွန်တို့နဲ့အတူ The Departed အက်ရှင်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play

 

The Conjuring ထိတ်လန့်သည်းဖို ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေ အမြဲမှတ်မိနေတဲ့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာနဲ့ မင်းသမီးကြီး Vera Farmiga ရဲ့ အသက် ၄၃နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။

play

 

ဖာမီဂါဟာ နယူးဂျာဇီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကထဲကို ၁၉၉၆ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ လီယိုနာဒို ဒီကက်ပရီယို၊ မတ်ဒေမွန်တို့နဲ့အတူ The Departed အက်ရှင်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play

 

သူမဟာ The Boy in the Striped Pyjamas, Orphan, Safe House ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း လူသိများခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၃ မှာတော့ အဖြစ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖို သရဲရုပ်ရှင်ဇာတ်ကား The Conjuring မှာ လော်ရိန်းဝါရန်ဆိုတဲ့ ပရလောကသားတွေကို တွေ့မြင်နိုင်တဲ့ အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ရာ သရုပ်ဆောင်ပိုင်း ပိုင်နိုင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေအားလုံးရဲ့တစ်ခဲနက်အားပေးမှုကို ရရှိလာခဲ့ပါတယ်။

play

 

အခု ၂၀၁၆မှာတော့ The Conjuring 2 ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုတွေ ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။ အနုပညာဆုတံဆိပ်များစွာ ပိုင်ဆိုင်ထားတဲ့ ဖာမီဂါဟာ ပြင်သစ်မင်းသားချော စဘက်စ်ရှင်နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက်တမ်း ၇နှစ်အကြာမှာတော့ ကွာရှင်းခဲ့ကြပါတယ်။ ဂီတပညာရှင် ရန်ဟောကီးနဲ့ တိတ်တဆိတ်လက်ထပ်ခဲ့တဲ့ သူမဟာ သူနဲ့ပဲ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ခဲ့ပြီး နယူးယော့ခ်မှာ နေထိုင်လျက်ရှိပါတယ်။ The Conjuring မင်းသမီးကြီး ဖာမီဂါကို ၁၉၇၃ ခုနှစ် သြဂုတ် ၆ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ