International Celebrity: ကေတီဟုမ်း အိမ်ထောင်သစ်မထူထောင်နိုင်တဲ့ အကြောင်းရင်း

ချစ်သူရှိနေတာတောင် လူသိထင်ရှား မတွဲရဲတဲ့အခြေအနေပါ။

play

 

မင်းသမီး ကေတီဟုမ်းဟာ ဂျေမီဖောက်စ်နဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကြိုက်နေတာဖြစ်ပေမယ့် ဘယ်တုန်းကမှ ဒါကိုအတည်မပြုခဲ့ပါဘူး။ အကြောင်းရင်းကတော့ ခင်ပွန်းဟောင်း တွမ်ခရုဇ်ကြောင့်ပါပဲ။

play

ကွာရှင်းစာချုပ်မှာ လက်မှတ်ရေးထိုးစဉ်က သဘောတူထားခဲ့တဲ့ အချက်အလက်အရ ကေတီဟုမ်းဟာ ၂၀၁၇ မတိုင်မီထိ မည်သူ့ကိုမှ တရားဝင်တွဲခွင့်မရှိဘူးလို့ သိရပါတယ်။ ကေတီကလည်း တွမ်ခရုဇ်နဲ့ မြန်မြန်ဆန်ဆန်ကွာရှင်းချင်နေတာနဲ့ လွယ်လွယ်သဘောတူခဲ့တာပါ။

play

 

ကေတီဟာ ကွာရှင်းပြီး ၅ နှစ်အတွင်း မည်သူ့ကိုမှ တရားဝင်တွဲခွင့်မရှိသလို တွမ်ခရုဇ်နဲ့ရတဲ့ သမီးလေး ဆူရီနားကိုလည်း ဘယ်ယောက်ျားကိုမှရင်းနှီးပေးခွင့်မရှိပါဘူး။ အကျိုးဆက်အနေနဲ့ ကေတီဟာ ကလေးစရိတ် ဒေါ်လာ ၄.၈ သန်းနဲ့ သူမအတွက်ကွာရှင်းစရိတ် ဒေါ်လာ ၅ သန်းကိုတော့ တွမ်ခရုဇ်ဆီက ရရှိခဲ့ပါတယ်။

Source : Radar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ