International Celebrity: တက်သစ်စ ကနေဒီယန်အဆိုတော်လေး

လက်ရှိမှာ သူ့ရဲ့ Treat You Better တေးသီချင်းဟာလည်း ရေပန်းစား အောင်မြင်လျက်ရှိပါတယ်။

play

 

တက်သစ်စ ကနေဒီယန် အဆိုတော်ချောလေး Shawn Mendes ဟာ တိုရွန်တိုမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ ၂၀၁၃ ခုနှစ်မှစတင်ကာ အနုပညာလောက ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

play

 

အသက် ၁၅နှစ်အရွယ်နဲ့ Billboard စာရင်းဝင်တဲ့အထိ သူ့သီချင်းတွေက နာမည်ကြီးအောင်မြင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅  မှာ Handwritten ဆိုတဲ့ တေးအယ်လ်ဘမ်ထွက်ရှိခဲ့ပြီး အခု ၂၀၁၆ မှာတော့ Illuminate တေးအယ်လ်ဘမ် ထပ်မံထွက်ရှိခဲ့ပါတယ်။

play

 

လက်ရှိမှာ သူ့ရဲ့ Treat You Better တေးသီချင်းဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်လျက်ရှိပါတယ်။

play

 

မန်ဒီစ် လေးစားအားကျရတဲ့ အနုပညာရှင်တွေက ဂျော်န်မေယာ၊ အက်ဒ်ရှီယန်၊ ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ ဘရူနိုမားစ်တို့ဖြစ်တယ်လို့ ပြောပြဖူးပါတယ်။ ဆယ်ကျော်သက် အဆိုတော်ချောလေး Mendes ရဲ့ မွေးနေ့က ၁၉၉၈ ခုနှစ် သြဂုတ်လ ၈ ရက်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ