International Celebrity: ကန်ဒဲလ်နဲ့ကိုင်လီ ဓာတ်လှေကားထဲပိတ်မိလို့ ကယ်ထုတ်ခဲ့ရ

ကန်ဒဲလ်ကတော့ အားလုံးကိုကြမ်းပြင်မှာထိုင်ခိုင်းပြီး စိတ်အေးအေးထားဖို့ နှစ်သိမ့်ချော့မော့နေခဲ့ပါတယ်။

play

 

ကြာသပတေးညက နယူးယော့ခ်မြို့က အဆောက်အအုံတစ်ခုရဲ့ ဓာတ်လှေကားထဲမှာ ကန်ဒဲလ်နဲ့ကိုင်လီတို့ ပိတ်မိနေခဲ့လို့ မီးသတ်ဝန်ထမ်းတွေက ကယ်ထုတ်ပေးခဲ့ရတယ်လို့ သတင်းရပါတယ်။ ဂျန်နာညီအစ်မနဲ့အတူ ကိုင်လီရဲ့ချစ်သူတိုင်ဂါ၊ ဟေလီဘောဝင်းနဲ့ ဂျော်ဒင်ဝုဒ်တို့ပါ ပိတ်မိနေခဲ့တာပါ။

play

 

ဓာတ်လှေကားထဲမှာ စီးလာရင်း အထပ် ၇ အရောက်မှာ ဓာတ်လှေကားကရပ်တန့်ကာ ပိတ်မိသွားခဲ့တာဖြစ်ပါတယ်။ မိန်းကလေးတွေကလည်း ကြောက်လန့်တကြား အော်ဟစ်နေခဲ့ကြပါတယ်။ ကန်ဒဲလ်ကတော့ အားလုံးကိုကြမ်းပြင်မှာထိုင်ခိုင်းပြီး စိတ်အေးအေးထားဖို့ နှစ်သိမ့်ချော့မော့နေခဲ့ပါတယ်။

play
ဓာတ်လှေကားထဲကထွက်လာအပြီး ပြုံးပြုံးရွှင်ရွှင်မြင်ရတဲ့ ကိုင်လီ

 

သိပ်မကြာခင် မီးသတ်ဝန်ထမ်းတွေက ဓာတ်လှေကားတံခါးကိုဖွင့်ပေးကြလို့ အားလုံးဘေးကင်းစွာနဲ့ အပြင်ကိုရောက်ရှိသွားခဲ့ကြပါတယ်။ ဓာတ်လှေကားထဲပိတ်မိနေစဉ်မှာ ကိုင်လီဂျန်နာက snapchat ပေါ်မှာ ဗီဒီယိုတင်ထားခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ