International Celebrity: လူးဝစ်ဟမ်မင်တန်နဲ့ ဝင်နီဟာလိုးတို့ ကြိုက်သွားပြီလို့ဆို

, updated

ဝင်နီဟာလိုးဟာ မော်ဒယ်လောကကို ကိုင်လှုပ်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

play

 

ဖော်မြူလာဝမ်း ပြိုင်ကားမောင်းချန်ပီယံ လူးဝစ်ဟမ်မင်တန်ကတော့ မော်ဒယ်လေးတစ်ဦးနဲ့ ကြိုက်နေကြောင်း သတင်းတွေလျှံထွက်လာပါတယ်။ ကနေဒါမော်ဒယ်လေး ဝင်နီဟာလိုးဟာ မော်ဒယ်လောကကို ကိုင်လှုပ်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ခန္ဓာကိုယ်ပေါ်က သမင်ဖြူကွက်တွေကပဲ ဝင်နီကို ပိုမိုကျော်ကြားလာစေခဲ့တာပါ။

play

 

ဗုဒ္ဓဟူးညက လူးဝစ်ဟမ်မင်တန်နဲ့ ဝင်နီတို့ကို နယူးယော့ခ်မြို့ရဲ့ Ua and Down နိုက်ကလပ်မှာ အတူတွေ့လိုက်ရပါတယ်။ လာတုန်းကတော့ တစ်ကွဲတစ်ပြားစီ လာကြတာဖြစ်ပေမဲ့ အပြန်မှာတော့ ဝင်နီက  လူးဝစ်ရဲ့ကားပေါ်ကို လိုက်သွားပါတော့တယ်။

play

 

နစ်ကိုးရှာဇင်ဂါနဲ့ ပြတ်ပြီးကတည်းက လူးဝစ်ဟမ်မင်တန်ကို ဝင်နီနဲ့ မကြာခဏ မြင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့သုံးလတည်းက ချစ်နေကြတာဖြစ်ပြီး လူမြင်ကွင်းမှာ တစ်သီးတစ်ခြားစီနေဖို့ ဆုံးဖြတ်ထားကြတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေနဲ့၊ ရင်းနှီးသူတွေက ပြောပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ