International Celebrity: ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးညီလာခံမှာ မိန့်ခွန်းပြောခဲ့တဲ့ ဂျိုလီ

ဒုက္ခသည်တွေရှိရာ နေရာပေါင်း ၄၀ ကျော်ကို သွားရောက်ကာ ဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးခဲ့သူပါ။

play

 

ကြာသပတေးနေ့က လန်ဒန်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ညီလာခံမှာ ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီကလည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ ဂျိုလီဟာ ကုလက ခန့်အပ်ထားတဲ့ အထူးသံတမန်တစ်ဦးလည်းဖြစ်တာကြောင့် ယခုလို မိန့်ခွန်းပြောခဲ့ရတာဖြစ်ပါတယ်။

play

 

ဂျိုလီဟာ အနက်ရောင်လက်ရှည်ဘလောက်စ်နဲ့ ဒူးအတိစကတ်ဝတ်စုံကို အသားရောင်ဒေါက်ဖိနပ်နဲ့ ဝတ်ဆင်ထားလို့ တည်ငြိမ်တဲ့အသွင်နဲ့ မြင်ရပါတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုချီးကျူးစကားဆိုခဲ့တယ်လို့ ကုလသမဂ္ဂရဲ့တွစ်တာအကောင့်ပေါ်မှာ ရေးထားတွေ့ရပါတယ်။

play
အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာနဲ့ စကားလက်ဆုံကျနေစဉ်

 

ကုလသမဂ္ဂက အန်ဂျလီနာဂျိုလီကို UNHCR ရဲ့ နှလုံးလှသံအမတ်အဖြစ် ၂၀၀၁ ခုနှစ်မှာ စတင်ခန့်အပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အထူးသံတမန်အဖြစ် တိုးမြှင့်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သံတမန်ဖြစ်လာချိန်ကစလို့ ဂျိုလီဟာ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆီးရီးယားအပါအဝင် ဒုက္ခသည်တွေရှိရာ နေရာပေါင်း ၄၀ ကျော်ကို သွားရောက်ကာ ဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ