International Celebrity: အရပ် ၆ ပေ ၂ လက်မ ရှိတဲ့ ကမ္ဘာ့ကြေးအကြီးဆုံး မော်ဒယ်မလေး ကာလီကလော့စ်

play

 

Victoria's Secret နတ်မိမယ်လေးတွေထဲက တစ်ဦးလည်းဖြစ်၊ ကမ္ဘာ့ကြေးအကြီးဆုံး မော်ဒယ်စာရင်းဝင် ကာလီကလော့စ်ဟာ ချီကာဂိုမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး သူမရဲ့မိခင်က ဒါရိုက်တာတစ်ဦးဖြစ်ကာ ဖခင်ကတော့ ကျန်းမာရေးကုထုံး ဆရာဝန်ဖြစ်ပါတယ်။

play

 

အသက် ၁၄ နှစ် အရွယ်ကတည်းက မဂ္ဂဇင်းမျက်နှာဖုံးတွေ စတင်ရိုက်ကူးခွင့်ရခဲ့သူပါ။ နောက်ပိုင်းမှာတော့ သူမရဲ့မွေးရပ် ချီကာဂိုကနေပြီး နယူးယော့ခ်ကိုပြောင်းရွှေ့ကာ အနုပညာလောကထဲကိုဝင်ဖို့ ခြေလှမ်းတွေစတင်ခဲ့ပါတယ်။

play

 

၂၀၁၃ ကနေ ၂၀၁၅ အထိ Victoria's Secret မော်ဒယ်တစ်ယောက် ဖြစ်ခဲ့တဲ့ သူမဟာ နာမည်ကြီး Fashion Brand တွေဖြစ်တဲ့ Calvin Klein, Marc Jacobs, Givenchy, Gucci, Louis Vuitton, Versace တို့ရဲ့ ကြော်ငြာတွေ၊ ဖက်ရှင်ရှိုးတွေမှာ မကြာခဏ ရိုက်ကူးပါဝင်ခွင့်ရခဲ့ပါတယ်။

play

 

ကလော့စ်ဟာ Vogue, Elle အစရှိတဲ့ ကမ္ဘာကျော်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်အဖြစ်လည်း မကြာခဏ ဖော်ပြခြင်းခံရသူ ဖြစ်ပါတယ်။

play

 

အရပ် ၆ ပေ ၂ လက်မရှိပြီး သွယ်လျကြော့ရှင်းတဲ့ သူမရဲ့ဟန်ပန်တွေကြောင့် နာမည်ကျော် မော်ဒယ်အချင်းချင်းတောင် သဘောကျနှစ်ခြိုက်ကြပါတယ်။

play

 

ကမ္ဘာကျော်အဆိုတော်မလေး တေလာဆွစ်နဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ကလော့စ်ဟာ တေလာရဲ့ Bad Blood သီချင်းဗီဒီယိုထဲမှာလည်း ပါဝင်သရုပ်ဆောင်ပေးခဲ့ဖူးပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ