International Celebrity: ကျက်သရေရှိရှိ တင့်တယ်နေတဲ့ ကိုယ်ဝန်သည်လေး နာတာလီပို့တ်မန်း

နာတာလီရဲ့ ဒုတိယမြောက်ကိုယ်ဝန်လည်း ဖြစ်ပါတယ်။

play

 

ကြာသပတေးနေ့က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ မြင်ရတဲ့ နာတာလီပို့တ်မန်းရဲ့ဟန်ပန်လေးက ကျက်သရေရှိလှပါတယ်။ ဗိုက်ကလေးပူနေတာတောင်မှ ကျော့ရှင်းတဲ့အလှက ပျောက်ကွယ်မသွားပါဘူး။

play

 

ခင်ပွန်းသည် ဘင်ဂျမင် မီလီပိုင်းအတွက် ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရတဲ့ နာတာလီက အဖြူရောင်ဝတ်စုံလေးကို ဝတ်ထားတာပါ။ အသက် ၃၅ နှစ်အရွယ် အော်စကာဆုရှင် မင်းသမီးက သူမရဲ့ ဒုတိယကိုယ်ဝန်ရပြီးချိန်ကစလို့ ယခုမှ ပွဲတက်တာလည်းဖြစ်ပါတယ်။

play

 

သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Planetarium ဇာတ်ကား အထူးပွဲပြသရာကို ရောက်လာခဲ့တာပါ။ ဒီဇာတ်ကားထဲမှာ နာတာလီနဲ့အတူ ဂျွန်နီဒပ်ရဲ့သမီး လီလီရို့စ်ဒပ်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ