AD
AD
AD
play

 

အမေရိကန် ဟာသသရုပ်ဆောင် အေမီရှုးမားကတော့ သမ္မတတောင်း ဒေါ်နယ်ထရန့်အပေါ် သူမရဲ့ခံယူချက်ကို ဘွင်းဘွင်းကြီးပြောချလိုက်ပါတယ်။ ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုပြုလုပ်ရာမှာ အကယ်၍ ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲနိုင်ခဲ့ရင်ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာပါ။

play

 

" ကျွန်မကတော့ စပိန်စကားသင်ရတော့မှာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မ စပိန်ကိုပြောင်းပလိုက်မှာ၊ ဒါမှမဟုတ် တစ်နေရာရာပေါ့။ ထရန့်သာအနိုင်ရခဲ့မယ်ရင် ကျွန်မ သဘောပေါက်နားလည်နိုင်စွမ်းရဲ့အခြားတစ်ဘက်ကို ရောက်သွားပြီလေ" လို့ အေမီရှုးမားက ပြောပါတယ်။ ထရန့်ဟာ သူ့ရဲ့အလုပ်သမားတွေကို လစာအပြည့်မပေးတာတွေ၊ အခွန်မှန်မှန်မဆောင်တာတွေကိုလည်း သူမက သဘောမကျပါဘူး။

play

 

အင်တာဗျူးထဲမှာ မိန်းမဝါဒီနဲ့ ပတ်သက်ပြီးတော့လည်း ဖြေကြားခဲ့ပါသေးတယ်။ မိန်းမဝါဒီဆိုတာ အမျိုးသမီးတွေအတွက် သာတူညီမျှရှိရေးသာဖြစ်တယ်လို့လည်း သူမရဲ့ခံယူချက်ကို ပြောကြားခဲ့ပါတယ်။

Source : BBC, Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD